www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 30, 2018

ကျွန်းပရိ ဘောဂ ပစ္စည်းများ တရားမဝင် တင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးသိမ်းဆည်းရမိ

ကျွန်းပရိ ဘောဂ ပစ္စည်းများ တရားမဝင် တင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးသိမ်းဆည်းရမိ
ညောင်လေးပင် အောက်တိုဘာ ၂၉
-
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ ရဲစခန်းအပိုင် စံဖဲကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းဟောင်း မိုင်တိုင် အမှတ်(၉၅/၁)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျွန်းပရိဘောဂပစ္စည်းများ  တရားမဝင် တင်ဆောင်လာသော ၁၂  ဘီးယာဉ်တစ်စီး  သိမ်းဆည်းရမိကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ   မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် သောအဖွဲ့သည် သတင်းအရ မန္တလေးဘက် မှ ရန်ကုန်ဘက်သို့ နွားထိုးကြီးမြို့နယ် မင်းတဲ ကျေးရွာနေသူ ယာဉ်မောင်းစံလင်း မောင်းနှင်လာသည့် ယာဉ်အမှတ် KYN 3B/---- နံပါတ်ပါ  ဟီးနိုး ၁၂ဘီး ဖြူ/ပြာကျား ယာဉ်အား ရပ်တန့်စစ်ဆေးရာ တရားမဝင် ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော ပွတ်လုံး၊ ခုတင်၊  ဆက်တီ၊ ပန်းကနုတ်တံခါးရွက်များ ပါဝင်သော အိမ်သုံးပရိဘောဂ ပစ္စည်းများအား မုန့်ပါကင်များ အောက်တွင်ဖုံးအုပ်၍ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသည်။
-
''ကျွန်တော်တို့  သတင်းအရ ရန်ကုန်- မန္တလေးလမ်းဟောင်း   မိုင်တိုင်အမှတ်(၉၅/၁)မှာ ကားနံပါတ် 3B/--- ကိုတား ပြီး မြန်မာ့ သစ် လုပ်ငန်းဝင်းထဲကို မောင်းလာခိုင်း တယ်။ ပြီးတော့ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးတဲ့အခါ ကျွန်းသစ်နဲ့ ပြုလုပ်ထားတဲ့ပရိဘောဂ ပစ္စည်းတွေ၊ ကျွန်းပွတ်လုံးတိုင်တွေ၊ ကျွန်းခုတင်တွေ စတဲ့ အိမ်သုံး ပရိဘောဂ ပစ္စည်း ၃ ဒသမ ၅၆ဝ၂ တန် ကာလ တန်ဖိုးငွေကျပ် ၂၁၃၆၁၂ဝ အား ဖမ်းဆီးရမိတယ်''ဟု မြို့နယ်သစ်တော ဦးစီးဌာနမှ   တောအုပ် ဦးအောင်လှမိုးက ပြောသည်။
-
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စံလင်းအား ပြွန်တန်ဆာ နယ်မြေရဲစခန်းက သစ်တော ဥပဒေပုဒ်မ ၄၃(က)အရ အမှုဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger