www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲ မကွေးမြို့ ၌ ကျင်းပမည်


မကွေး   အောက်တိုဘာ  ၂ 
-
Mandalay RUM က ကျင်းပမည့် မြန်မာထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မကွေးမြို့၌ အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ရှစ်ဆိုင်းပါဝင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် 
WLC(6)တွင် လိုက်ဝယ်တာဝိတ်တန်း၌ ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ထားသော ကျော်ဇင်လတ်(ရွှေသထုံ)နှင့် မွေထိုင်း၏ လုမ္မနီပြိုင်ပွဲများတွင် နာမည်ကြီးလျက်ရှိသော ခေါင်ဖီခေတ်(ထိုင်း)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
-
ထို့ပြင် တက်သစ်စ လက်ဝှေ့မောင်များ ဖြစ်သည့် နက္ခအောင်၊ ဒေါင်းဖြူလေး အစ ရှိသည့် လက်ဝှေ့မောင်များ၏တွဲဆိုင်းများလည်းပါဝင်မည်ဖြစ်သည်။ ယင်းတွဲဆိုင်း များတွင် ကျော်ဇင်လတ်(မြန်မာ)နှင့် ခေါင်ဖီ 
ခေတ်(ထိုင်း)၊ နက္ခအောင်နှင့် ဒိုးလေး၊ ဒေါင်းဖြူလေးနှင့် ဟိန်းထွန်းအောင်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger