www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 1, 2018

ကျိုင်းလပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းအဖြူရောင် အမှုန့်များ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ  ၃ဝ
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဝမ်ယန်းရွာအနီး၌ ယာဉ် ဝင်/ထွက်မှုများ စစ်ဆေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်တွင် ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ အိုက်အွန်(ဘ) ဦးရှဲန်လ မောင်းနှင်လာသည့်  နံပါတ်မပါ  အီတန်အမျိုးအစား (ထော်လာဂျီ) အပြာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်များဖြင့် ထည့်ထားသော ကဖင်းအဖြူရောင်အမှုန့် (ဆာလာအိတ် တစ်အိတ်လျှင် ၅ဝ ကီလိုဂရမ်ခန့်ပါ) ၄ဝ အိတ်(စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၁၅ဝဝ ခန့်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား  ကျိုင်းလပ်မြို့မ ရဲစခန်းသို့ အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger