www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 1, 2018

မောင်တောမြို့နယ်၊ ငါးခူရ(အလယ်) ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ ၃ဝ
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ စက်တင်ဘာ ၂၉ ရက် ည ၇ နာရီခန့်တွင် ငါးခူရ(အလယ်)ကျေးရွာနေ ဂျာဘူရာမန်(ဘ)ဂွေလာများ၏ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အတွင်းမှ  အပြာရောင်ကပ်ခွာအိတ်ဖြင့် ထုပ်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၄၆၄၅ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်၉၂ သိန်း)ကျော်နှင့် အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။
-
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ အဆိုပါ မူးယစ်ဆေးဝါးများသည် တစ်ရွာတည်းနေ မာမွတ်အီဆု(ဘ) မာမတ်တာလီ၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် သွား ရောက်ဖမ်းဆီးရာ ၎င်းအား နေအိမ်၌ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်း ဆီးရမိသူများအား ငါးခူရနယ်မြေ ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger