www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 1, 2018

အမျိုးသမီး လက်ကိုင်အိတ် ရက်လုပ်ခြင်း သင်တန်းဖွင့်


ချောက် စက်တင်ဘာ ၃ဝ
-
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၆)ရပ်ကွက် ရွှေသူဌေးရပ်ရှိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ တွင်   အမျိုးသမီးလက်ကိုင်အိတ် ရက်လုပ်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ သည်။
-
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေး နှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်ချိုချိုမာက သင်တန်းဖွင့် လှစ်ရခြင်း၏ရည်ရွယ်ချက်ကို  ရှင်း လင်းပြောကြားသည်။
-
ဆက်လက်၍ သင်တန်း ဆရာမ ဒေါ်စန္ဒာလွင်က အမျိုးသမီးအတွက် အားလပ်သောအချိန်တွင် မိမိတတ် ထားသော ပညာဖြင့် အားလပ်သော အချိန်ကို   တန်ဖိုးရှိစွာကုန်လွန်ပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင် ကာ အပိုဝင်ငွေရရှိကြောင်း ပြောကြားသည်။
-
ထို့နောက်   သင်တန်းဆရာမ ဒေါ်စန္ဒာလွင်က အခြေခံ လက်ကိုင် အိတ်ရက် လုပ်နည်းများကို သင်တန်း သူ ၁၅ ဦးအား လက်တွေ့ သင်ကြား ပေးကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger