www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 18, 2018

မြန်မာနိုင်ငံ၌ SKD စနစ်ဖြင့် ကားထုတ်လုပ်ရန် လျှောက်ထားသော ပြည်ပကား ကုမ္ပဏီများအနက် တရုတ်နိုင်ငံမှ အများဆုံးဖြစ်



ရန်ကုန် ၁၈-၉-၂၀၁၈

စက်မှုဝန်ကြီးဌာနသည် ၂ဝ၁၉ ခုနှစ် တွင် မြန်မာနိုင်ငံ၌ SKD (Semi Knock Down) စနစ်ဖြင့် ပြည်ပကား ကုမ္ပဏီများကို ထုတ်လုပ်ခွင့်ပေးမည် ဖြစ်ရာ တရုတ်နိုင်ငံမှ ကားကုမ္ပဏီများက အများဆုံး လျှောက်ထားကြောင်း သိရသည်။ 

လက်ရှိ ယင်းလုပ်ငန်းဆောင်ရွက်ရန် ပြည်ပမှ ကားထုတ်လုပ်သော ကုမ္ပဏီငါးခုမှ လျှောက်ထားရာ တရုတ်နိုင်ငံမှ ကားကုမ္ပဏီ သုံးခုပါဝင်ကြောင်း သိရသည်။ မကြာမီ စက်မှုဝန်ကြီးဌာနမှ SKD စနစ်ဖြင့် ကားထုတ်လုပ်လိုသော ပြည်ပကားကုမ္ပဏီများ ၏လျှောက်ထားမှုကို လက်ခံမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ ကားကုမ္ပဏီများက အောင်မြင်မှု ရရှိနေကြောင်းနှင့် လျှောက်ထားသော ကုမ္ပဏီများထဲမှ သင့်လျော်သော ကုမ္ပဏီကို စက်မှုဝန်ကြီး ဌာနမှ ရွေးချယ်လုပ်ကိုင်ခွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။ 

''မြန်မာနိုင်ငံရဲ့ ပြည်သူအများစုက တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းကားတွေကို အဓိကအနေနဲ့ ဝယ်ယူစီးနင်းကြတဲ့အတွက် တရုတ်နိုင်ငံက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း အဲဒီလိုကားတွေကိုပဲ အဓိက ထုတ်လုပ်တာဖြစ်လို့ တရုတ်ကား ကုမ္ပဏီတွေက ဈေးကွက် ဝင်တာပါ။ SKD စနစ်အရ တရုတ်နိုင်ငံက ကားကုမ္ပဏီတွေသာ လုပ်ကိုင်ခွင့်ရရင် တရုတ်မှာရှိတဲ့ စက်ရုံကနေ ပစ္စည်းတွေကို တင်သွင်းပြီး ပြည်တွင်းမှာ ပြန်လည် တပ်ဆင်ထုတ်လုပ်မှာပါ။ 

တရုတ်နိုင်ငံက ကားကုမ္ပဏီတွေက လက်ရှိအချိန်မှာ နည်း ပညာကောင်းတွေ အသုံးပြုပြီး ကားတွေကို ထုတ်လုပ်နေတာကြောင့် ပြည်တွင်းကို ဝင်လာရင်အကျိုးရှိမှာပါ'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း ကပြောသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger