www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 28, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ သန်လျင်မြို့နယ်၌ ပြုလုပ်



ရန်ကုန် ၂၈-၉-၂ဝ၁၈

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ် ဗိုလ်ချုပ်နေဝင်းလမ်းရှိ မြို့နယ်တင်းနစ် အားကစားကွင်းရှေ့၌ ပြုလုပ် သည်။ ''ဒီနေ့လုပ်တဲ့ပွဲက မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံတယ်။ 

ဘာလို့ထောက်ခံလဲ ဆိုတော့ ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေက တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့ အတွက် တပ်မတော်ကို ပြိုကွဲအောင်နဲ့ အင်အားချည့်နဲ့အောင် လုပ်တဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်မခံကြောင်း ပြသတာဖြစ်သလို အမျိုးသားရေး အင်အားစု တစ်ရပ်အနေနဲ့လည်း ဖော်ထုတ်ပြသခြင်းဖြစ်ပါတယ်။ ဒီတပ်မတော် ထောက်ခံပွဲကို စစ်မှုထမ်းဟောင်း အင်အား ၂ဝဝ ဦး၊ အရန်အင်အား ၅ဝ ဦးစုစုပေါင်း ၂၅ဝ ဦးနဲ့ ငြိမ်းချမ်းစွာ ထောက်ခံ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်'' ဟု သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးကြည်(ငြိမ်း) ကပြောသည်။ 

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် သန်လျင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင် ၂၅ဝ ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခု အကြိမ်အပါအဝင် ၄၄ ကြိမ် စုစုပေါင်း အင်အား ၅၈၉၆၈၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger