www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 26, 2018

၂၀၁၈ ၏ အချက်အခြာအကျဆုံး ကမ္ဘာ့လေဆိပ်များ







ကမ္ဘာပေါ်မှာ လေယာဉ်အဆင်း၊အတက်အများဆုံးလေဆိပ်ကတော့ အမေရိကန်ပြည်ထောင်စု၊ အက်တလန်တာလေဆိပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအပါဆုံး လေယာဉ်ခရီးစဉ်အများစုကျတော့ အာရှမှာ လာစုနေပါတယ်။ သို့ သော်လည်းပဲ ကမ္ဘာတစ်ဝန်းနဲ့ ချိတ်ဆက်မှုမှာ အရေးအပါဆုံးနဲ့  လေယာဉ်အစင်းရေအများဆုံးဆိုရင်တော့ လန်ဒန်ဟီးသရိုးလေဆိပ်က ဘုရင်ပဲလို့  ပြောရမှာပါ။၂၀၁၈ မှာ ကမ္ဘာ့လေကြောင်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းကြီး တစ်ခုလုံးဟာ ၆ နာရီအတွင်းကို လေယာဉ် ၆၆၀၀၀ စင်း ပျံသန်းခဲ့ရတဲ့အထိ နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေ များခဲ့ပါတယ်။ အဲဒီလေယာဉ်အများစုဟာ လန်ဒန်ဟီးသရိုးလေဆိပ်ကို ဆင်းဖို့ ၊ ဒါမှမဟုတ် ဟီးသရိုးကနေ တက်ဖို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ပြည်တွင်း၊ပြည်ပလေယာဉ် ခရီးစဉ်တွေအတွက် အချက်အချာအကျဆုံးလေဆိပ်တွေကို Megahubs International Index 2018 မှာဖော်ပြထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။

အမေရိကန်မှာ ထိပ်တန်းကတော့ Chicago O’Hare အပြည်ပြည်ဆိုင်ရာလေဆိပ်ပါ။ တစ်ကမ္ဘာလုံးမှာ ဒုတိယအဆင့်ရှိပါတယ်။ တတိယနဲ့ စတုတ္ထ အချက်အခြာအကျဆုံးလေဆိပ်တွေ ကတော့ ဥရောပက Frankfurt နဲ့  Amsterdam လေဆိပ်တို့ ဖြစ်ပါတယ်။စင်္ကာပူနိုင်ငံ၊ Changi လေဆိပ်ဟာ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ရွေးချယ်ခံရတာ ၆-နှစ်ဆက်တိုက်ရှိပါပြီ။ အာရှမှာ အချက်အချာအကျဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အချက်အချာကျမှုအဆင့် (၈) ချိတ်ထားပါတယ်။ အာရှမှာတော့ Changi ပြီးရင် Beijing လေဆိပ်က ဒုတိယလိုက်နေပါတယ်။ သို့ သော် နိုင်ငံတကာလေကြောင်း ချိတ်ဆက်နိုင်အား နည်းလွန်းတဲ့အတွက် ကမ္ဘာနဲ့ ချီလိုက်ရင်တော့ Beijing လေဆိပ်ဟာ အဆင့် ၃၂ ပဲ ရှိပါတယ်။

Toronto လေဆိပ်က မြောက်အမေရိကားမှာ ဒုတိယအချက်အချာအကျဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အဆင့် ၅ ချိတ်ထားပါတယ်။ လေဆိပ်တွေရဲ့ အချက်အချာကျတာ၊ နိုင်ငံတကာလေကြောင်းတွေအ၀င်များတာဟာ တစ်နေရာကနေတစ်နေရာ ပြန့် ကျဲနေတာကိုတွေ့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့  Los AngelesInternational လေဆိပ်ဟာ အဆင့် (၆) ကိုရောက်နေပြီး အဆင့် (၇) ချိတ်တဲ့ Hartsfield-Jackson Atlanta လေဆိပ်သည်လည်း အမေရိကန်မှာပါပဲ။ သို့ သော် နယူးယောက်မြို့ က John F. Kennedy လေဆိပ်ကျတော့အဆင့် (၁၆) ကိုရောက်သွားပြီး အခြား မြောက်အမေရိကားလေဆိပ်တွေကျတော့ အဆင့် ၂၀ နားမှာ တ၀ဲဝဲလည်နေပါတယ်။ လက်တင်အမေရိကားမှာတော့ Mexico City လေဆိပ်ဟာ အကောင်းဆုံးပေါ့။ ကမ္ဘာ့အဆင့်မှာတော့ အမှတ်စဉ် (၂၀) မှာပဲ ရှိပါတယ်။ အဲဒီကနေ ဥရောပကိုရောက်သွားပြန်ရော။ ပြင်သစ်နိုင်ငံရဲ့  Charlesde Gaulle လေဆိပ်ဟာ ကမ္ဘာ့အချက်အချာကျမှုဇယားမှာ အဆင့် (၉) ရှိပါတယ်။ ဂျာမနီရဲ့  Munich လေဆိပ်က အဆင့် (၁၁) ပါ။ အစ္စတန်ဘူလ်ရဲ့  Ataturk ဟာ အဆင့် (၁၇) ဖြစ်ပြီး Dubai လေဆိပ်သည်လည်း အဆင့်(၁၈) ပဲ ရှိပါတယ်။ ကျန်တဲ့အချက်အချာအတော်ကျတဲ့လေဆိပ်တွေဟာ ဥရောပကနေ အရှေ့ အလယ်ပိုင်းဒေသ တွေအထိ ပြန့် ကျဲနေပါတယ်။

အာရှပစိဖိတ်ရဲ့ အကောင်းဆုံးလေဆိပ်တွေကတော့ အရှေ့ တောင်အာရှမှာ စုနေပါတယ်။ တောင်ကိုရီးယားရဲ့ Incheon လေဆိပ်က ကမ္ဘာ့အဆင့်မှာ အချက်အချာကျမှု (၁၅) ပါ။ အင်ဒိုနီးရှားကတော့ ပိုသာပါတယ်။ ဂျာကာတာ လေဆိပ်က အဆင့် (၁၀) ပါ။ မလေးရှားရဲ့  ကွာလာလမ်ပူလေဆိပ်က အဆင့် (၁၂) ဖြစ်ပြီး ဟောင်ကောင်လေဆိပ်က (၁၃) ပါ။ ဘန်ကောက်လေဆိပ်ကတော့ အဆင့် (၁၄) ချိန်ပါတယ်။ ဒါဟာ အနောက်တိုင်းနိုင်ငံတွေထက် ပိုပြီးအချက်အချာကျတဲ့လေဆိပ်တွေ အရှေ့ တောင်အာရှမှ စုဝေးနေတာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကမ္ဘာ့အချက်အချာအကျဆုံးလေဆိပ်တွေအပါအ၀င် ထိပ်ဆုံးရောက်နေတဲ့ လေဆိပ်ပေါင်း ၅၀ဟာ တစ်ကမ္ဘာလုံးမှာပျံသန်းနေတဲ့လေယာဉ်ခရီးစဉ်တွေရဲ့  ၄၀ ရာခိုင်နှုန်းကျော်ကို ပျံသန်းနေခြင်းဖြစ်ပါတယ်။ကမ္ဘာ့အချက်အချာအကျဆုံး Heathrow လေဆိပ်မှာ British Airways က လေယာဉ်ခရီးစဉ် ၅၂ ရာခိုင်နှုန်းကိုပျံသန်းနေတာဖြစ်ပြီး Hartsfield-Jackson Atlanta မှာ Delta Airlines ရဲ့ ခရီးစဉ်တွေက လေယာဉ် ၅ စီးမှာ၎ စီးနှုန်း ဖြစ်ပါတယ်။

ကမ္ဘာ့အချက်အချာအကျဆုံးလေဆိပ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရပ်တည်လာခဲ့သလို နောင်ဆယ်စုနှစ်အတော်များများအထိလည်း ပြိုင်ဘက်ကင်းနေဦးမယ့် Heathrow လေဆိပ်မှာ လေယာဉ်ပြေးလမ်းအဓိက ၂ ခု ရှိပါတယ်။ ၂၀၁၈ ဇွန် ကစပြီး တတိယပြေးလမ်းကိုလည်း တည်ဆောက်နေပါပြီ။ အဲဒီပြေးလမ်းပြီးရင်တော့ Heathrow လေဆိပ်ဟာ အခုလက်ရှိ ခရီးသည် သန်း ၈၀ ကို ဖြတ်သန်းရာကနေ ၂၀၃၀ မှာတစ်နှစ်ကို ခရီးသည် သန်းပေါင်း ၁၁၀ အထိ ၀င်ထွက်သွားလာနေမယ့် လေဆိပ်ကြီးဖြစ်လာမယ့်အကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger