www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 10, 2018

TNLA/SSA (၀မ်ဟိုင်း) ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများက နမ္မတူမြို့နယ်အတွင်း ကျေးရွာများမှ လူမနေသည့် ဈေးဆိုင်များနှင့် အိမ်များရှိ ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များနှင့် ဆိုင်ကယ်များအား ယူဆောင်မီးရှို့ဖျက်ဆီး၊ ရွာသား ၁ ဦးအား အကြောင်းမဲ့ ရိုက်နှက်




TNLA/SSA (ဝမ်ဟိုင်း) ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ရှမ်းဘာသာဖြင့်ရေးသားထားသည့် ခြိမ်းခြောက်စာကိုတွေ့ရစဉ်။

နေပြည်တော် ၁ဝ-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ နောင်ငင်းကျေးရွာနှင့် နားဟုတ် ကျေးရွာ အနီးတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များက သတင်းအရ သြဂုတ် ၈ ရက်တွင် ရောက်ရှိရှင်းလင်းစဉ် ၎င်းကျေးရွာများရှိ လူနေထိုင်ခြင်းမရှိသည့် ဈေးဆိုင်များ၊ အိမ်များနှင့် လူအသုံးအဆောင် ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များနှင့် ဆိုင်ကယ်များအား ယူဆောင်ဖျက်ဆီးသွားကြောင်း တွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သြဂုတ် ၅ ရက်မှ ၇ ရက်အထိ TNLA/SSA (၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူအင်အား ၁၀၀ ဦးခန့်ရောက်ရှိလာပြီး အကြောင်းမဲ့ယူဆောင်မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်များမှာ TNLA/SSA (၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများသည် ၎င်းကျေးရွာများသို့ သြဂုတ် ၅ ရက်တွင် ရောက်ရှိလာခဲ့ပြီး သြဂုတ် ၇ ရက်အထိ နေထိုင်ခဲ့ကာ နောင်ငင်းကျေးရွာရှိ ဦးအိုက်စိုင်း၏ နေအိမ်မှ KENBO-125 အမျိုးအစား မော်တော်ဆိုင်ကယ် ၁ စီးအား ယူဆောင်သွားခဲ့ခြင်း၊ ဦးစောနန္ဒ၏ နေအိမ်မှ အိမ်ဆောက်ရန် စုပုံထားသည့် သစ်များနှင့် ဆိုင်ကယ် ၁ စီးတို့အား မီးရှို့ဖျက်ဆီးခြင်း၊ ဒေါ်အေးမြင့်၊ ဦးစောဘနတို့၏ ဈေးဆိုင်များနှင့် အခြားလူနေအိမ် ၁၄ လုံးတို့အတွင်းရှိ အသုံးအဆောင် ပစ္စည်းများအား မွှေနှောက်ရှာဖွေထားခြင်း၊ လူနေအိမ်အချို့တွင် ရှမ်းဘာသာဖြင့် ခြိမ်းခြောက်စာများ ရေးသားထားခြင်း၊ နားဟုတ်ကျေးရွာရှိ ဦးပညာ၏ ဈေးဆိုင်မှ ကုန်ပစ္စည်းများကို ယူဆောင်သွားခြင်း၊ ၎င်းကျေးရွာသား ဦးစောလိယကို နာရီဝက်ခန့် ကြိုးတုတ်ရိုက်နှက်ခဲ့ခြင်းနှင့် အခြား လူနေအိမ် ၁ လုံးရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေခြင်းများကို အကြောင်းမဲ့ အကြမ်းဖက်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ TNLA/SSA(၀မ်ဟိုင်း)ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ် လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများအနီးတစ်ဝိုက် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger