www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

တတိယအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်မည်



ရန်ကုန် ၁၆-၈-၂ဝ၁၈

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူး၍ မီဒီယာဂရု(ဖ်)မှ စီစဉ်ကျင်းပမည့် တတိယအကြိမ် မြန်မာ့ရိုးရာလက် ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲကို Sky Net Sport-4 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို သြဂုတ် ၁၉ ရက် မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်နှင့် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ပါဝင်ထိုးသတ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းခုနစ်ဆိုင်း ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ၆၅ ကီလိုတန်းအဖြစ် ထွန်းလွင်မိုး (မြန်မာ) နှင့် ခါရာတီဆာရီတီဒက်(ထိုင်း)၊ ကီလို၇ဝတန်း ပြည်တွင်းပွဲစဉ်အဖြစ် ဖျံသွေး(မြန်မာ)နှင့် စောဂေါ်မူဒို (မြန်မာ)၊ ၅၇ကီလိုတန်းအဖြစ် ရဲသွေးနီ(မြန်မာ)နှင့် ဟာမာမိုတိုယူတာကတ် (ဂျပန်)၊ ၇၃ကီလိုတန်းအဖြစ် ရွှေရာမာန်(မြန်မာ)နှင့် ခိုဟီတိုခဲရှီ(ဂျပန်)၊ ကီလို ၈ဝတန်းအဖြစ် လက်ရှိ မြန်မာနိုင်ငံ ချန်ပီယံ ဒေ့ဗ်လက်(မြန်မာ)နှင့် ဒီစဲလက်(ထိုင်း)၊ မြန်မာနိုင်ငံ ချန်ပီယံဟောင်း ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒါရီလိုကုကု (ကွန်ဂို)တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ပြီး အမျိုးသမီး ကီလို ၆ဝတန်းအဖြစ် ဘရော်နီကာ(မြန်မာ)နှင့် အယ်လီနာမစ်ချပ် (ဘီလာရုဇ်)တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ထို့ပြင် ရုံဝင်လက်မှတ်များကို ငွေကျပ် ၁ဝဝဝဝ၊ ၂ဝဝဝဝနှင့် ၅ဝဝဝဝ သတ်မှတ်ထားပြီး မြန်မာမီဒီယာဂရု(ပ်) တိုက်(၃၈၈)၊ အခန်း(၁၄)၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် ဝယ်ယူနိုင်ကြေင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger