www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

MNA နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို ၁၅ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးမည်



ရန်ကုန် ၁၇-၈-၂ဝ၁၈

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)မှ နှစ် ၇ဝပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်း၊ ပြည်ပလေယာဉ် လက်မှတ်များကို ၁၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါလေ ကြောင်းလိုင်း ပြန်ကြားရေးတာဝန်ခံ ဦးတင်မောင်ထံမှ သိရသည်။

နှစ် ၇ဝပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ မြန်မာပလာဇာတွင် သြဂုတ် ၂၅ရက်မှ ၂၆ထိ နံနက် ၉ နာရီမှ ညနေ ၃နာရီထိ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်တွင်းခရီးစဉ် များအတွက် ခရီးသွား အိတ်အလေးချိန် ကီလို၂ဝ၊ ပြည်ပခရီး စဉ်များအတွက် ကီလို ၃ဝမှစ၍ ဝယ်ယူထားသည့် လက်မှတ် အမျိုးအစားအလိုက် သယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း၏ နှစ် ၇ဝပြည့်ခရီးသွား ပွဲတော်တွင် လက်မှတ်ဝယ်ယူသူများ အနေဖြင့် လက်မှတ်ဝယ်ယူ ရာတွင်ငွေသား သို့မဟုတ် ဘဏ်ကတ်များ အသုံးပြု၍ မြန်မာငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လက်မှတ်ဝယ်ယူ ထားသူများအတွက် အမှတ်တရ လက်ဆောင်များနှင့် ကံစမ်းမဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် Boeing 737-800 NG, Embraer 190, ATR 72-600 Caravan လေယာဉ်သစ်များဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိပြီး စီးနင်းလိုက်ပါလာသော ခရီးသည်များကို လေယာဉ်၏ Business Class Premium Economy Class များအတွက် ခရီးစဉ်တစ်လျှောက် အထူးဝန်ဆောင်မှုများ စီစဉ်ထားကြောင်း ၎င်းက ပြောပြသည်။

ထို့ပြင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ဗုဒ္ဓဂယာခရီးစဉ်ကို စက်တင်ဘာမှ ဧပြီလထိ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger