www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

သာကေတ (ဒေါပုံတံတားသစ်) ဖွင့်ပွဲ သြဂုတ်လ ၂၅ ရက်တွင် ကျင်းပမည်



နေပြည်တော် ၁၇-၈-၂ဝ၁၈

သာကေတ (ဒေါပုံတံတားသစ်) ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ သတင်းများအရ သိရသည်။

သာကေတ (ဒေါပုံတံတားသစ်) သည် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်ချောင်းကိုဖြတ်ကာ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဖြတ်သန်းဆောက်လုပ် ထားသည်။

အဆိုပါနေရာတွင် မူလကတည်းက တံတားဟောင်းတစ်ခု ရှိခဲ့သော်လည်း မော်တော်ယာဉ်များ တိုးတက်များပြားလာမှု အခြေအနေများအရ တံတားသစ်တစ်ခု ထပ်မံတည်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါပုံတံတားသစ်ကို ဂျပန်ယန်းငွေ ၄၂၁၆ သန်း အကုန်အကျခံကာ ဂျပန်နိုင်ငံ၏ ပံ့ပိုးငွေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၅ ခုနှစ် ဧပြီလက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းပိုင်းတွင် ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများအပြင် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တံတား၏ အရှည်မှာ ၂၅၃ မီတာ၊ ပေအားဖြင့် ပေ ၈၃ဝရှိပြီးအကျယ် ၂၁ ဒသမ ၅မီတာရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ကြိုး ဆိုင်းတံတား အမျိုးအစားဖြစ်သည်။ အဆိုပါ ဒေါပုံတံတားသစ်ပေါ်မှ ၂ဝ၁၈ခုနှစ် ဇွန် ၁ဝရက်က မော်တော်ယာဉ်များ ယာယီဖြတ်သန်းခွင့် ပြုပေးခဲ့သည်။

ဒေါပုံတံတားသစ်ဖွင့်ပွဲကို ဒေါပုံတံတားသစ်အဆင်း ယမုံနာလမ်းပေါ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သောကြောင့် ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် နံနက် ၆နာရီ မိနစ်၃ဝမှ နံနက်၁ဝနာရီထိ ခေတ္တလမ်းပိတ်ထားမည် ဖြစ်သဖြင့် ယမုံနာလမ်းမှ ၁၅ ပေတံတားသို့ မောင်းနှင်ကြမည့် မော်တော်ယာဉ်များ အနေဖြင့် မဟာဗန္ဓုလတံတား ပေါ်မှလည်းကောင်း၊ စက်ရုံလမ်းမှ ၁၅ပေတံတားပေါ်သို့ မောင်းနှင်ကြမည့် မော်တော်ယာဉ်များ အနေဖြင့် အထက်ပုစွန် တောင်လမ်းဖက်သို့ လည်းကောင်း၊ စက်ဆန်းလမ်းနှင့် အထက်ပုဇွန်တောင် လမ်းဘက်မှ တံတားပေါ်သို့ ဘယ်ကွေ့၊ညာကွေ့ မော်တော်ယာဉ်များအနေဖြင့် စက်ဆန်းလမ်း၊ အထက်ပုဇွန်တောင် လမ်းတို့မှလည်းကောင်း မောင်းနှင်ကြရန်လမ်းဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger