www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသော လူနာများအား သွားရောက်တွေ့ဆုံ


အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။


နေပြည်တော် ၁၇-၈-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့်အဖွဲ့ဝင်များက မြို့နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သွားရောက်တွေ့ဆုံ၍ လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးတိုးတက်မှု အခြေအနေများနှင့် ဆေးဝါးကုသပေးထား မှုများအား မေးမြန်းအားပေးကာ စားသောက်ဖွယ်ရာများပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လောက်ကိုင်မြို့၊ အမှတ်(၂)တပ်မတော် အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပညာသင်ကြားရေး အထောက်အကူပစ္စည်းအဖြစ် ပရိုဂျက်တာ တစ်စုံအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသော ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျောင်းကွန်ပျူတာခန်းနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger