www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

အမှတ် (၃၂) အခြေခံပညာ မူလတန်းကျောင်းအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုက စုပေါင်းလှူဒါန်းသော ယာယီကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တပ်မတော် (ကြည်း၊ရေ၊လေ) မိသိသားစုမုများက စုပေါင်းလှူဒါန်းသော ယာယီကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်စဉ်။

နေပြည်တော် ၁၇-၈-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်ရှိ အမှတ်(၃၂) အခြေခံပညာ မူလတန်းကျောင်း (သင်္ဃန်းကျွန်း)မှ မူလတန်းကျောင်းသား၊ ကျောင်းသူများ ကျောင်းဆောင်သစ် မဆောက်လုပ်မီ ကာလအတွင်း အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဦးစံဖေရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဆောက်လုပ်လှူဒါန်းသည့် ယာယီကျောင်းဆောင်သစ် အဆောက်အအုံလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ယာယီကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ယာယီကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ယာယီကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ယာယီကျောင်းဆောင်သစ်အား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါကျောင်းဆောင်သစ် အဆောက်အအုံအား အမှတ်(၃၂) အခြေခံပညာ မူလတန်းကျောင်းမှ မူလတန်း ကျောင်းသား၊ ကျောင်းသူများ အမိုးအကာအောက်တွင် လုံလုံခြုံခြုံဖြင့် အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး အတွက် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ဖြင့် ဇူလိုင် ၁၂ ရက်မှ စတင်ဆောက်လုပ် ခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger