www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ငွေကျပ်သိန်းပေါင်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



နေပြည်တော် ၁၃-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က ရန်ကုန်မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၇၆/၅ ကံရိုးကျေးရွာ အနီး စောင့်ဆိုင်းနေစဉ် သြဂုတ် ၁၁ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် တောင်ငူမြို့ဘက်သို့ တောင်ငူမြို့ ၂၃ ရပ်ကွက် သာယာကုန်းလမ်းနေ ဖားထူး ၂၇နှစ်(ဘ) ဦမြင့်စိုး မောင်းနှင်လာသည့် Mark X အမျိုးအစား ငွေမင်ရောင်ယာဉ် အမှတ် YGN 7K/---- လိုင်စင်မဲ့ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်အတွင်းမှ CAL 38 SUPER စာတန်းပါ ငွေမင်ရောင် ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၉ မမကျည် ၁၂တောင့်၊ ပွိုင့်-၂၂ကျည်ခြောက်တောင့်၊ M-38 ပုံစံရွှေရောင် လက်ပစ်ဗုံးတစ်လုံး၊ ခြောက်လုံးပြူး သေနတ်ပုံစံ မီးခြစ်တစ်လုံး၊ WYစာတန်းပါ ပန်းရောင်နှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၈၁ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း၂၇ဝဝကျော်)၊ ငွေကျပ် ၂၂၈၅ဝဝဝတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို တရားဥပဒေအရ အရေးယူဆောင်ရွက် နိုင်ရေး တောင်ငူမြို့ အမှတ် (၁) မြို့နယ်ရဲစခန်း၌ အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger