www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

မြင်းခြံမြို့တွင် စိတ်ကြွဆေးပြား ၂ဝဝဝ ကျော် ဖမ်းဆီးရမိ



မြင်းခြံ ၂-၈-၂ဝ၁၈

မြင်းခြံမြို့တွင် ယနေ့ နံနက် ဝဝ နာရီ မိနစ် ၃ဝက စိတ်ကြွဆေးပြား ၂ဝဝဝကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်နိုင်ဝင်းထွန်း ဦးဆောင်သော နယ်ထိန်း တပ်ဖွဲ့ဝင်များသည် သက်သေအဖြစ် နယ်မြေမှူးများနှင့် အတူမူးယစ်ဆေးဝါး သတင်းအရ မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက် အောင်သုခလမ်းကြား၌ စောင့်ဆိုင်းနေစဉ် မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက် မကျီးပင်စုနေ ဖြိုးလင်းအောင် (ခ) ဖိုးလုံး မောင်းနှင်ပြီး နောက်မှ မသန္တာအောင် လိုက်ပါလာသော နံပါတ်မပါ အနက်ရောင်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ကပ်ခွာအိတ်များဖြင့် ထည့်ထားသော 88/1 စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝ၁၁ ပြား ကာလတန်ဖိုးငွေကျပ်သိန်း ၆ဝကျော်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးလင်းအောင်၊ သန္တာအောင်တို့ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယ ရဲအုပ် နိုင်ဝင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြင်းခြံမြို့မရဲစခန်းက မယ(ပ)၉/၂ဝ၁၈၊ မူး/ စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger