www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 10, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၁) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်၊ စစ်တက္ကသိုလ်စာပေဌာနမှ နည်းပြ ပါမောက္ခ၊ ကထိကအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများ အားတွေ့ဆုံအမှာစကားပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာသုံးဆောင်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်စာပေဌာနမှ နည်းပြပါမောက္ခ၊ ကထိကအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်စာပေဌာနမှ နည်းပြပါမောက္ခ၊ ကထိကအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

နေပြည်တော် ၁ဝ-၈-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၈ ရက်နေ့နှင့် ယနေ့တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ သီရိဆောင်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထင်လတ်ဦးတို့ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

ထို့နောက် နေ့လယ်ပိုင်းများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အနော်ရထာတပ်ရင်း စားရိပ်သာနှင့် ဘုရင့်နောင်တပ်ရင်း စားရိပ်သာတို့၌ သင်တန်းသားဗိုလ်လောင်းများ နှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ယနေ့ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်တက္ကသိုလ် စာပေဌာနမှ နည်းပြ ပါမောက္ခ၊ ကထိက အရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား န၀ဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ 
ဦးစွာ ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သန့်ဇင်အုံးက စာပေဌာနဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများနှင့် ဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ဘက်ခေါင်းဆောင်များသည် ပညာတတ်သည့်သူများ ဖြစ်ရန်လိုကြောင်း၊ စစ်တက္ကသိုလ် ဆိုသည်မှာ စစ်ဘက်ခေါင်းဆောင်များအားပညာတတ် များဖြစ်အောင် သင်ကြားမွေးထုတ် ပေးလျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ပညာတတ်များဖြစ်စေရန်အတွက် သတ်မှတ်အရည်အချင်းကိုက်ညီသူများကို မဟာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိအောင် မွေးထုတ်ပေးလျက်ရှိပြီး အမှန်တကယ်အရည်အချင်းရှိရန် လိုအပ်ကြောင်း၊ ဗိုလ်လောင်းများအား လေ့ကျင့်ရေးပိုင်းများတွင် တပ်စုတစ်စုအား ကိုင်တွယ်ကွပ်ကဲ နိုင်သည့် အရာရှိတစ်ဦးဖြစ်စေရန် (ကြည်း၊ ရေ၊ လေ) မည်သည့် တပ်ဖွဲ့များတွင်တာဝန် ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်နှင့်အတူတိုက်ပွဲဝင်နိုင် စေရန်အတွက်အခြေခံများ အား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့အတူစာပေပညာသင်ကြားမှုပိုင်းတွင်လည်း မိမိတို့ရရှိသည့်ဘာသာရပ်အလိုက်ဘွဲ့များအား ထိုက်ထိုက်တန်တန်ဖြစ်စေရန်အတွက် အမှန်တကယ်တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားပေး ရန်လိုကြောင်းမှာကြားသည်။

ထို့နောက်တက္ကသိုလ်ပညာဆိုသည်မှာ လူတစ်ဦး၏တွေးခေါ်မျှော်မြင်မှုကို မြှင့်တင်ပေးသည့်နေရာဖြစ်သဖြင့် စာကျက်သည်ထက် စာဖတ်မှုကိုဦးစားပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ဘ၀အတွက် စဉ်းစားတွေးခေါ်မျှော်မြင်တတ်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အတူဗိုလ်လောင်းများဗဟုသုတရရှိရေးအတွက် စာကြည့်တိုက် ဖွင့်လှစ်ပေး၍ လိုအပ်သည့်စာအုပ်များအားဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး စာအုပ်များအားဖတ်ရှုစေရန် တာဝန်ရှိသူများကကြီးကြပ်ကွပ်ကဲသွားရန်လိုကြောင်း၊ မိမိတို့သင်ကြားရသည့် သင်တန်းသားဗိုလ်လောင်းများအား တွေးခေါ်မြော်မြင်တတ်သည့် စစ်ဘက်ခေါင်းဆောင်များဖြစ်အောင် သင်ကြားလေ့ကျင့်မွေးထုတ်ပေးသည့်နေရာတွင် တွေးခေါ်မြော်မြင်မှုကို အထောက်အကူဖြစ်စေသည့် ၀ိဇ္ဇာဘာသာရပ်များအားသင်ကြားပေးစေလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်အား ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးတွင် ပညာရည်မြင့်မားမှုသည်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင် ကြောင်း၊ ယနေ့ခေတ်ကာလသည် ဘာသာရပ်ဆိုင်ရာတစ်ခုတည်းမဟုတ်ဘဲ အိုင်တီ နည်းပညာများလည်းပါဝင်လာသည့်အတွက် သက်ဆိုင်ရာနည်းပညာများအားတတ်ကျွမ်း ရန်လိုအပ်သဖြင့် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများအားဖြည့်ဆည်းဆောင်ရွက်ပေး ထားကြောင်း၊ ထို့အတူမိမိတို့တပ်မတော်သည် နိုင်ငံတကာတပ်မတော်များနှင့် ရင်းနှီးသည်ဆက်ဆံမှုရှိရန်လိုအပ်သည့်အတွက် အင်္ဂလိပ်စာတတ်ကျွမ်းမှုရှိရန်လိုအပ် သဖြင့် စနစ်တကျတတ်မြောက်အောင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ သစ္စာ၊ သူရ၊ သိပ္ပ ဆိုသည့် စစ်တက္ကသိုလ်၏ဆောင်ပုဒ်နှင့်အညီဖြစ်စေရေးအုပ်ထိန်းရသည့် Guardian များက မိဘစိတ်မွေး၍ သွန်သင်ဆုံးမရန်လိုပြီး ကောင်းမွန်သည့် အကျင့်များရရှိအောင်သင်ကြား ပြသပေးရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် တပ်မှူးကောင်းစိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်မျိုးထားရှိရမည်ဖြစ်ပြီး Guardian စနစ်သည် မိဘသဖွယ် စိတ်ဓာတ်အတွက်လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ သင်တန်းများသို့ တက်ရောက်လျက်ရှိသည့် အရာရှိများအား နိုင်ငံတကာအဆင့်မီ ထိုက်ထိုက်တန်တန်ဖြစ်အောင်လေ့ကျင့်သင်ကြားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ဘွဲ့လွန်ဘွဲ့ရရှိပြီးသား အရာရှိများအနေဖြင့်လည်း မိမိတို့အရည်အသွေး မြှင့်တင်ရန် အတွက်ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger