www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 10, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥပဒေဒီပလိုမာ (အရာရှိ)သင်တန်းမှ သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြား



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥပဒေဒီပလိုမာ(အရာရှိ)သင်တန်းမှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ တပ်မတော်အုပ်ချုပ်မှုကျောင်းတွင် သင်ကြားပို့ချလျက်ရှိသည့် ဥပဒေဒီပလိုမာ(အရာရှိ ) သင်တန်းမှ သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်။

နေပြည်တော် ၁၀-၈-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့်တာဝန်ရှိသူ များလိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်အုပ်ချုပ်မှုကျောင်းတွင် သင်ကြားပို့ချလျက်ရှိသည့် ဥပဒေဒီပလိုမာ(အရာရှိ) သင်တန်းမှ သင်တန်းသားအရာရှိကြီးများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်မှာခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော တပ်မှူးကြီးများနှင့် တပ်မှူးငယ်များတွင် တရားစီရင်ရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာခွဲဝေ ပေးထားသဖြင့်
ဥပဒေနှင့်ပတ်သက်ပြီး အကျွမ်းတ၀င်ရှိပြီး နားလည်မှုရှိရန်လိုအပ်သဖြင့် ယခုကဲ့သို့ဥပဒေ သင်တန်းများအား ဖွင့်လှစ်သင်ကြားပေး ရခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်ဘက်ဆိုင်ရာ စစ်စည်းကမ်းများ၊ အရပ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းဥပဒေများအား လိုက်နာဆောင်ရွက်ရကြောင်း၊ လက်နက်ကိုင်သည့် အဖွဲ့အစည်းဖြစ်ပြီး အဆိုပါလက်နက်များအား ယုံကြည်စိတ်ချစွာဖြင့် တိုင်းပြည်ကာကွယ်ရန် ပေးအပ်ထားခြင်း ဖြစ်သဖြင့် ဥပဒေနှင့်အညီကိုင်တွယ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ပြီး တပ်မတော်၏ကျောရိုး မဏ္ဍိုင်ဖြစ်ကြောင်း၊ အဆိုပါစည်းကမ်းကို လိုက်နာခြင်းသည်ဥပဒေ ကိုလိုက်နာခြင်းပင် ဖြစ်ကြောင်း၊ ဥပဒေစည်းကမ်းများကို မိမိတို့ကိုယ်တိုင် လိုက်နာရမည် ဖြစ်သကဲ့သို့ မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအားလည်း ဥပဒေ၏သဘောတရားကို သိရှိပြီး မိမိတို့အသိတရားဖြင့် လိုက်နာဆောင်ရွက် နိုင်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်မှူးများသည် တရားသူကြီး၊ ရှေ့နေ၊ အုပ်ချုပ်သူစသည့် လုပ်ငန်းများကိုတစ်ဦးတည်း ဆောင်ရွက်ရသူများဖြစ်သဖြင့် တရားသူကြီးကဲ့သို့
အတွေးခေါ်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုပြီး တရားမျှတစွာဆောင် ရွက်ရန်၊ ရှေ့နေကဲ့သို့ အပြစ်ရှိသည့်သူအား အပြစ်ပေးနိုင်အောင်၊ အပြစ်မရှိသူအား အပြစ်မှလွတ်ကင်းအောင် ဆောင်ရွက်ပေးနိုင် ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေအကြောင်းအရာများအား နားလည်သိရှိထားရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ယနေ့ခေတ်သည် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကိုလျှောက်လှမ်းလျက်ရှိသဖြင့် မိမိတို့တပ်မတော်အနေဖြင့် ဥပဒေကိုအလေးထား ဆောင်ရွက်ရန်ပိုမို အရေးကြီးကြောင်း၊ နိုင်ငံတော်မှ
ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရန်နှင့် သိရှိနားလည်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများဥပဒေ နှင့်အညီနေထိုင်နိုင်ရန်အတွက် သိရှိအောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုအား အကြောင်းပြုပြီး ဥပဒေချိုးဖောက်မှုများကို ပြုလုပ်၍မရကြောင်း၊ တပ်မတော်တွင် ဥပဒေလိုက်နာမှုမရှိသည့် အရာရှိ၊ စစ်သည်များအား စိစစ်အရေးယူဆောင်ရွက် ရသည်များရှိကြောင်း၊ ထို့ကြောင့် တပ်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသူများသည် ဥပဒေများကိုသိရှိနားလည်ပြီး မိမိတို့ပတ်ဝန်းကျင် ရှိသူများကိုပါ ဥပဒေများအားနားလည် သိရှိအောင်ရှင်းလင်းပြောကြား ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် သားများအနေဖြင့် စစ်ပွဲဆိုင်ရာဥပဒေများနှင့် ပတ်သက်သည့် ဂျီနီဗာကွန်ဗင်းရှင်း ကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဥပဒေဒီပလိုမာ(အရာရှိ)သင်တန်းတွင် ဗိုလ်မှူးချုပ်နှင့်ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး ၂၁ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလအနေဖြင့် ၆ လကြာ သင်ကြားပို့ချလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger