www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 3, 2018

အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား




ခိုလမ် ၃-၈-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ ရပ်ကွက် (၂) နေ ဇော်မင်းလှ (ခ) ကိုဇော် (ဘ) ဦးရွှေလှ Top အထွေထွေ ရောင်းဝယ်ရေး ဆိုင်အိမ်အမှတ် (၂/၃၂)နေအိမ်တွင် ယနေ့နံနက် ၁၁နာရီ ၅၈မိနစ်က အိမ်နောက်ဖေး မီးဖိုခန်းတွင် အပူလွန်ကဲရာမှ ဝိုင်ယာရှော့ခ်ဖြစ်၍ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ ခိုလမ်တပ်နယ်မှ တပ်မတော်သားများနှင့် ရေသယ်ယာဉ် သုံးစီး၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် လေးစီး၊ ဒေသခံပြည်သူများ စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ တစ်နာရီမိနစ် ၃ဝတွင် မီးညွှန့်ကျိုးခဲ့ပြီး မွန်းလွဲ၂ နာရီတွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လုပ်ငန်းလိုင်စင်မဲ့ သိုလှောင်ထားသော ဆီပီပါအလုံး၇ဝ၊ အိမ်တစ်လုံး၊ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၂၇၅ဝဝဝဝ ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဇော်မင်းလှ(ခ)ကိုဇော်ကို ခိုလမ်ရဲစခန်းက (ပ)၂ဝ၁၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၈၅ (မီးပေါ့ဆစွာသုံးစွဲမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger