www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 27, 2018

အမရပူရမြို့ရှိ ရွှေကူကြီးဘုရားဝင်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးအရေးယူ



အမရပူရ ၂၇-၈-၂ဝ၁၈

မန္တလေး အမရပူရမြို့ မှန်တန်းရပ်ကွက် ယတ္တန်းရပ်ရှိ ရွှေကူကြီး ဘုရားဝင်းအတွင်း သြဂုတ် ၂၅ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူ ငါးဦးကို နယ်မြေခံရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေကူကြီးဘုရား အရှေ့မုခ်နှင့် ရတနာကျော်မော်ဘုရား တောင်ဘက်မုခ်တို့တွင် ဆိုင်ကယ်နှစ်စီးနှင့် လူငယ်တစ်စုသည် မူးယစ်ဆေးဝါး လာရောက်သုံးစွဲနေကြောင်း သိရှိရသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရွှေကူကြီးဘုရား အရှေ့ဘက် ရထားသံလမ်းကြားရှိ ပုထိုးတော်ကြီး ဘုရားဘက်သို့ ထွက်ပြေးသွားသဖြင့် လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာမှ ချမ်းမြသာစည် မြို့နယ်နေသူများ ဖြစ်သည့် ဝေယံဦး၊ သီဟထွန်း၊ ရဲလင်းဆွေ၊ ပုသိမ်ကြီးမြို့နယ်နေ ထိန်လင်းနှင့် မဟာအောင်မြေမြို့နယ်နေ စိုင်းလိုင်းမိန်းတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ သုံးစွဲရန် ကျန်နေသည့် ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် သုညဒသမ ဝဝ၁ ဂရမ်ကို အဝါရောင် အအေးစုပ်ပိုက်ဖြင့် ထည့်ထားပြီး အနားနှစ်ဖက်ကို စတာပလာကလစ်ဖြင့် ညှပ်ချုပ်ထားသည့် အထုပ်တစ်ထုပ်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး သုံးစွဲရန်အလို့ငှာ လက်ဝယ်တွေ့ရှိသူ ငါးဦးတို့ကို အမရပူရမြို့မ ရဲစခန်းက မယ(ပ) ၇/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ ၁၆ (ဂ)/၂၁အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger