www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 13, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် UWSA(၀)အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိအား သွားရောက်အားပေးစကား ပြောကြား










နေပြည်တော် ၁၃-၇-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါပြီး နေပြည်တော်ရှိ ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင်တက်ရောက် ကုသလျက် ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယ အစည်းအဝေးတက်ရောက်လျက်ရှိသည့် UWSA(၀)အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိနှင့် ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်း တို့အား ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ဆေးဝါးကုသမှုအခြေအနေများ အားမေးမြန်းရာ နှလုံးရောဂါအထူးကုပါရဂူကြီးများက ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး အားဖြည့်ငှက်သိုက်ရည်များနှင့် စားသောက်ဖွယ်ရာများအားပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger