www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 13, 2018

ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယှ်ုအပေါ် ကျေနပ်မှုမရှိသဖြင့် ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်



ကျောက်ပန်းတောင်း ၁၃-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် တောင်ပေါ်(တောင်) ကျေးရွာမှ ဒေသခံပြည်သူ အချို့သည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုအပေါ် ကော်မရှင်ငါးဦး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကျေနပ်မှုမရှိသဖြင့် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အားကစားကွင်းရှေ့မှ စတင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခြင်းကို တောင်ပေါ် (တောင်) ကျေးရွာနေ ဦးဖိုးဌေး (ဘ) ဦးလှဖေက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ၎င်းတို့ ကျေးရွာလူထု၏ သဘောဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခဲ့ ကြသည့် ရပ်မိရပ်ဖ(ခေါ်) ကော်မရှင်ငါးဦး၏ လုပ်ငန်းဆောင်ရွက်မှု များအပေါ် ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့အားကစား ကွင်းရှေ့မှ ယနေ့ နံနက်၉နာရီက စတင်ခဲ့ကြပြီး "ကော်မရှင်ငါးဦး၏ မဲစာရင်းလိမ်လည်တင်ပြမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှု ဥပဒေစည်းမျဉ်း၊ စည်းကမ်းချိုးဖောက်မှုကို မကျေနပ်၍ ဆန္ဒထုတ်ဖော်ခြင်း" စာသားပါ ဗီနိုင်းဆိုင်းဘုတ်နှစ်ခုကို ကိုင်ဆောင်၍ ရန်ကုန်-ပြည်-မန္တလေးလမ်းမကြီး(မြို့လယ်လမ်းမကြီး) အတိုင်း မြောက်မှတောင်သို့ ဗိုလ်ချုပ်ကြေးရုပ်၊ မီးသတ်လမ်းဆုံတို့ကို ဖြတ်၍ စီတန်းလမ်းလျှောက် ခဲ့ကြပြီးနံနက် ၁ဝနာရီတွင် ဘူတာလမ်းဆုံသို့ ရောက်ရှိရပ်နား ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို တောင်ပေါ် (တောင်)ကျေးရွာမှ ဦးဖိုးဌေးပါ အမျိုးသား ၅၇ ဦးနှင့် အမျိုးသမီး ၁၉ဦး စုစုပေါင်း ၇၆ ဦးတို့က သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ကြိုတင်အသိပေး တင်ပြဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုတိယရဲမှူး ခင်မောင်ထွေး ဦးဆောင်သည့် အရာရှိငါးဦးနှင့် အခြားအဆင့် ၁၃ ဦးတို့က လမ်းတစ်လျှောက် လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger