www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 6, 2018

Green City မြေယာရှုခင်းကို မလေးရှား နည်းပညာဖြင့် ဖော်ဆောင်မည်



မန္တလေး ၆-၇-၂ဝ၁၈

လာမည့်ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ကို Green City ဖော်ဆောင်ရာ၌ မြေယာရှုခင်း (Landscape) အလှကို မလေးရှားနိုင်ငံ နည်းပညာဖြင့် စတင်ဖော်ဆောင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောပြသည်။

မန္တလေးမြို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်နေသည့် မြို့ဖြစ်သည်နှင့် အညီ မြို့တော်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် ခွဲဝေဖော်ဆောင်လျက်ရှိရာ ၎င်းကဏ္ဍများထဲ မှာမြို့တော်သာယာလှပကာ သစ်ပင်ပန်းမန်များဖြင့် စိမ်းစိုမှုရှိနေစေရေး Green City အဖြစ်မြေယာ ရှုခင်းပုံဖော်သည့် ကဏ္ဍမှာလည်း မြို့၏အလှပကို ထင်ဟပ်ပေါ်လွင် စေနိုင်သည့် အရေးပါသည့်အခန်း ကဏ္ဍတစ်ခုထဲတွင် ပါဝင်ကြောင်း သိရသည်။

မန္တလေးမြို့၏ ပုံရိပ်ကို လှပစေနိုင်သည့် မြေယာရှုခင်းပုံဖော်သည့် လုပ်ငန်းစဉ်များကို မန္တလေးမြို့တော် စည်ပင်နယ်နိမိတ် Down Town ဧရိယာအတွင်း ယခုနှစ်၌လည်း ဖော်ဆောင်လျက် ရှိကြောင်း၊ အလားတူလာမည့်၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ကို မည်သည့်ရှုထောင့်မှ ကြည့်ကြည့် သာယာလှပနေစေရေး အတွက်မလေးရှား နိုင်ငံမှနည်းပညာ အတိုင်းမြေယာ ရှုခင်းအလှကို ပုံဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"လာမယ့်နှစ်မှာ မန္တလေးမြို့ကို မြေယာရှုခင်း အလှဖော်ဆောင်တဲ့ အခါ မြို့နယ်တွေထဲမှာရှိတဲ့ မြေလွတ်နေရာတွေမှာ မလေးရှားက နည်းပညာနဲ့ရှုခင်း အလှကိုပုံဖော် ပေးသွားမယ်။ ဒီဇိုင်းပုံစံတွေအပြင် ကျန်တဲ့နည်းပညာ အကူအညီတွေ ယူပြီးလုပ်ဆောင် ပေးသွားမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိမန္တလေး မြို့တွင်လည်း မြေနေရာလွတ်များတွင် မြေယာရှုခင်း အလှကို ပုံဖော်လျက်ရှိပြီး ၎င်းရှုခင်းအလှကို ပုံဖော်နိုင်ရန်အတွက် ဇွန်လအတွင်းက မလေးရှားနိုင်ငံမှ ပန်းပညာရှင်များက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်းများကို နည်းပညာများ ပြန်လည်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အလားတူကျုံးဘေးဝဲ၊ ယာနှင့် လမ်းလယ်ကျွန်းများ တွင်လည်း အရိပ်ရပင်နှင့် အလှပန်းပင်များကို စိုက်ပျိုးလျက်ရှိသည့်အပြင် ၎င်းကျုံးပတ်လည်တွင် အားကစားလုပ်သူများ အပါအဝင် လမ်းလျှောက်သူ များအတွက်ပါ အရိပ်ရစေနိုင်မည့် မည်စည်ပင်ပေါင်း ၉ဝ ကျော်ကို ပြောင်းရွှေ့စိုက်ပျိုး ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger