www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 2, 2018

အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်တန်ဖိုးရှိ တည်ဆောက်ရေး စီမံကိန်းကိုးခု အကောင်ထည်ဖော်မည်



ရန်ကုန် ၂-၇-၂ဝ၁၈

ရန်ကုန်မြို့၌ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်တန်ဖိုးရှိ တည်ဆောက်ရေး စီမံကိန်းကိုးခုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မုတ္တမဟိုးလ်ဒင်း လီမိတက် ဥက္ကဋ္ဌ ဦးရန်ဟော်ထံမှ သိရသည်။

အဆိုပါစီမံကိန်း ကိုးခုအနက် ပြည်လမ်း၌ တည်ဆောက်နေသည့် M Tower ၊ မင်းဓမ္မလမ်းပေါ်ရှိ Min Residences၊ မင်္ဂလာဒုံမြို့နယ်ရှိ Mottama Centre နှင့် တန်ဖိုးနည်းအိမ်ရာ M Green Apartment စသည့် စီမံကိန်းတို့ကို နိုင်ငံခြားမိတ်ဖက် ကုမ္ပဏီများနှင့် ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်သည်။ ထို့ပြင် ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်းရှိ Myanmar Aquarium ၊ ကမ်းနားလမ်းပေါ်ရှိ Harbour Trade Tower ၊ ပြည်လမ်းပေါ်ရှိ HL Tower၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ Bonnamy Tower နှင့် မင်းဓမ္မလမ်းပေါ်ရှိ Mottama Business Tower စီမံကိန်းငါးခုကို ပြည်တွင်းမိတ်ဖက် ကုမ္ပဏီများနှင့် အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

''ဒီစီမံကိန်းတွေကို လူစည်ကားတဲ့နေရာ တွေမှာသာမက မြို့ပြင်လူနေမှု စနစ်တိုးတက်လာဖို့ လိုအပ်နေတဲ့ နေရာတွေမှာပါ လုပ်ဆောင်နေတာပါ။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ စီးပွားရေးဆိုင်ရာ၊ အများပြည်သူ အပန်းဖြေ ကြည့်ရှုဖို့နေရာ၊ လူနေထိုင်ဖို့နဲ့ ဈေးဝယ်စင်တာ တွေလည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းတွေ အားလုံးကို ၂ဝ၂၂ ခုနှစ်မှာ ပြီးစီးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်'' ဟု ဦးရန်ဟော်က ပြောသည်။

လက်ရှိတွင် စီမံကိန်းကိုးခုအနက် ခြောက်ခုကို အကောင်အထည် ဖော်နေပြီး Mottama Business Tower၊ Bonnamy Tower နှင့် M Green Apartment တို့ကို ၂ဝ၁၉ ခုနှစ်အတွင်း စတင်အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ထားသည်။ မုတ္တမဟိုးလ်ဒင်း ကုမ္ပဏီသည် ကုမ္ပဏီခွဲပေါင်း ၂၃ ခု အထိရှိပြီး ယင်းလက်အောက်ရှိ မင်းဓမ္မကုမ္ပဏီသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် အခွန်အများဆုံး ပေးဆောင်သည့်ကုမ္ပဏီ ၁ဝဝ စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger