www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 10, 2018

မိုင်းဖုန်းဆရာတော် စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ် လူဦးရေတစ်သောင်းခန့် လာရောက်၍ စည်ကား



ကွတ်ခိုင် ၁ဝ-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးရှိ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ၆ဝဝဝ ခန့်မြင့်သော မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ် တောင်ပေါ်သို့ နေ့စဉ် လူဦးရေတစ်သောင်းခန့် လာရောက်လျက်ရှိကြောင်း အဆိုပါ စေတီတည်ဆောက်ရေးတွင် လာရောက်ကူညီ ဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့များ ထံမှ သိရသည်။

တောင်ပေါ်တွင် တည်ထားမည့် စေတီတော်အတွက် လိုအပ်သော ပစ္စည်းများကို တောင်ပေါ်သို့ ပို့ဆောင်နေမှုများရှိပြီး တောင်ခြေတွင် စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားနေကြောင်း သိရသည်။

"ကျွန်တော်တို့က လိုအပ်တာ လုပ်ဖို့အတွက် လာခဲ့တာပါ။ လှေကားထစ် လုပ်မယ်ဆိုလဲ လုပ်အားကုသိုလ် ယူမှာပါ။ အခုတော့ တောင်ပေါ်မှာ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်ဆိုလို့ တောင်ပေါ်မှာ သန့်ရှင်းရေး လုပ်အားပေးတာပါ" ဟု မူဆယ်မြို့မှ လာရောက်သူ စိုင်းဘကျော်က ပြောပြသည်။

အဆိုပါ တောင်ပေါ်တွင် မိုင်းဖုန်းဆရာတော်နှင့် ကွတ်ခိုင်မြို့ရှိ ဆရာတော်ကဦးစီးကာ စေတီနှစ်ဆူနှင့် ရပ်တော်မူဘုရား တစ်ဆူတည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

စေတီတည်ထားမည့် နေရာသို့ တရုတ်နိုင်ငံမှ ရှမ်းတိုင်းရင်းသားများ၊ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ၊ ပရဟိတအသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနေ့စဉ် လူဦးရေတစ်သောင်းခန့် လာရောက်ကုသိုလ် ယူနေပြီး နေ့စဉ် စတုဒိသာမျိုးစုံဖြင့် ဧည့်ခံသူလည်း များပြားလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger