www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 18, 2018

ကျောက်မီးသွေး တင်ဆောင်လာသည့် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား



ကျောက်မဲ ၁၈-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ဇူလိုင် ၁၆ရက် ည ၁၁ နာရီခန့်က ကျောက်မီးသွေးများ တင်ဆောင်လာသော ၂၂ဘီး ကုန်တင်တွဲကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့ဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသည့် ကျောက်မီးသွေးများ တင်ဆောင်လာသော ၂၂ ဘီးကုန်တင် တွဲယာဉ်မှာ တိုးဂိတ်အနီး မိုင်တိုင်အမှတ်(၁ဝ၁) အရောက်တွင် မီးလောင်ကျွမ်းခဲ့ပြီး ကားခေါင်းပိုင်းမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁နာရီမိနစ် ၃ဝခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၉၃ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ပြီး လူဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းထွန်းအေး (ခ) မင်းသန့် သပြေကုန်းကျေးရွာ ကျောက်ဆည်မြို့နေသူကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၂၈၂/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger