www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 18, 2018

ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်သက်တမ်းတိုးရန် ပျက်ကွက်သော ရေယာဉ်များကို ရေယာဉ်စာရင်းမှ ပယ်ဖျက်မည်



နေပြည်တော် ၁၈-၆-၂ဝ၁၈

ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်သက်တမ်းတိုးရန် တစ်နှစ်နှင့် အထက်ပျက်ကွက်သည့် ရေယာဉ်များကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရေယာဉ်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် ပြည်တွင်းသွား ရေယာဉ်များ အန္တရာယ်ကင်းရှင်း စေရေးအတွက် လိုအပ်သည့် စစ်ဆေးမှု ဆောင်ရွက်ကာသတ်မှတ် စည်းကမ်း၊ စည်းမျဉ်းများနှင့် ပြည့်စုံကိုက်ညီသည့် ရေယာဉ်များကို ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ ထုတ်ပေးလျက်ရှိရာ အဆိုပါ လက်မှတ်များကို သတ်မှတ်သက်တမ်း ကုန်ဆုံးပါကထပ်မံ၍ သက်တမ်းတိုးလျှောက်ထားကြရမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသွား ရေယာဉ်များ အနေဖြင့် ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ ရရှိပြီးပါက လက်မှတ်သက်တမ်း မကျော်လွန်မီ သတ်မှတ်ကာလအတွင်း အချိန်မီသက်တမ်းတိုး ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း အချို့သော ရေယာဉ်ပိုင်ရှင်များက ဆောင်ရွက်ခြင်း မပြုကြသောကြောင့် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စစ် ဆေးခံရေယာဉ် စာရင်းမှပယ် ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေယာဉ်များကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စစ်ဆေးခံရေယာဉ်စာရင်းမှ ပယ်ဖျက်ပြီးပါက ရေယာဉ် မှတ်ပုံတင် စာရင်းမှလည်း တစ်ပါတည်း ပယ်ဖျက်ပြီး ဖြစ်သောကြောင့် ရေယာဉ်ပိုင်ရှင်များ အနေဖြင့် မိမိတို့၏ ရေယာဉ်အတွက် ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်သက်တမ်း မကျော်လွန်မီ သတ်မှတ်ကာလအတွင်း အချိန်မီသက်တမ်း တိုးဆောင်ရွက်ကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger