www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 21, 2018

မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေရာမှ ဘိန်းဖြူ၊ သေနတ်၊ လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



မိုးညှင်း ၂၁-၆-၂ဝ၁၈

မိုးညှင်းမြို့နယ် နန်းမားမြို့တောင် အင်းကျေးရွာအုပ်စု အောင်မြေကျေးရွာ၌ မူးယစ်ဆေးဝါး သတင်းအရ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ ဘိန်းဖြူ၊ ပစ္စတိုသေနတ်နှစ်လက်၊ လက်ပစ်ဗုံးသုံးလုံးနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ဒုတိယရဲအုပ် ဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၆နာရီ မိနစ် ၃ဝက မိုးညှင်းမြို့နယ် နန်းမားနယ်မြေ ရဲတပ်ဖွဲ့စခန်း၏ မယ(ပ) ၂၁/၂ဝ၁၇၊ မူး/စိတ် ပုဒ်မ-၁၅/၁၆ (ဂ)/၂၁အမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသူ အောင်ဝင်းထွန်း (ခ) ထွန်းထွန်းဆိုသူသည် နန်းမားမြို့ တောင်အင်းကျေးရွာအုပ်စု အောင်မြေကျေးရွာအနီး ယာခင်းရှိ ၎င်း၏ နေအိမ်တွင် ရောက်ရှိနေထိုင်ကာ မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ သက်သေများ နှင့်အတူ ပူးပေါင်း၍ ၎င်းနေအိမ်ကို သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ၌ အောင်ဝင်းထွန်း (ခ)  ထွန်းထွန်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ မဆိုင်းပန်ကို တွေ့ရှိ၍ ဆက်လက်ရှာဖွေ စစ်ဆေးရာ သန့်စင်ခန်းဘေး မြေပြင်ပေါ်တွင် အဝါရောင်အဖုံးပိတ်လျက် အဖြူရောင်ကော်ဘူးအတွင်း ဘိန်းဖြူ သုညဒသမ ၂ ဂရမ်ကို တွေ့ရှိပြီး ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ရာဘေးရှိ BALENO တံဆိပ်ပါ အနက်ရောင် ခါးပတ်အတွင်းမှ M-20 အမျိုးအစား N/----- နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်နှင့် M-20 အမျိုးအစားN/----- နံပါတ်ပါ ပစ္စတို သေနတ်တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ပစ္စတိုကျည် ၂၄တောင့်၊ ၇ဒသမ၆၂ ကျည် ငါးတောင့်၊ စစ်စိမ်းရောင် ရေဘူးအိတ်အတွင်းမှ တရုတ်နိုင်ငံလုပ် MG-1 အမျိုးအစား နာနတ်သီးပုံ ပလတ်စတစ်လက်ပစ်ဗုံး သုံးလုံး၊ ၎င်းလက်ပစ်ဗုံးအတွင်း ထည့်သွင်းအသုံးပြုသည့် ဖြုစ်သုံးချောင်းတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်းပန်၊ ထွက်ပြေး တိမ်းရှောင်သွားသူ အောင်ဝင်းထွန်း (ခ) ထွန်းထွန်းတို့ကို နန်းမားနယ်မြေ ရဲတပ်ဖွဲ့စခန်းက မယ(ပ)၆/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ-၁၆(ဂ)/၂၂(ခ)၂၁ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger