www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 21, 2018

မန္တလေးမြို့တွင် ငွေကျပ် သိန်း ၁၁ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ



မုံရွာ ၂၁-၆-၂ဝ၁၈

မန္တလေး အောင်မြေသာစံမြို့ နယ်အတွင်း အအေးဆိုင်သို့ ဝင်ရောက်လာသူထံမှ ငွေကျပ် သိန်း ၁၁ဝဝ တန်ဖိုးရှိ ပန်းရောင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၁၇) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု မန္တလေး (မြောက်ပိုင်း) မှ ရဲအုပ် စိုင်းစံမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုတိယ ရဲအုပ် အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃ဝက မူးယစ်ဆေးဝါး သတင်းအရ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် ၆၂လမ်း၊၁၉လမ်း-လမ်း၂ဝကြားရှိ အအေးဆိုင်တစ်ဆိုင်အတွင်း စောင့်ဆိုင်းနေစဉ် ဆိုင်အတွင်းသို့ ဝင်ရောက်လာသူ အောင်မျိုးခန့်(ခ) ဖိုးသားကို စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ၎င်းလွယ်ထားသည့် BURUIDI စာတန်းပါ အနက်ရောင် လွယ်ကြိုးပါ ဘေးလွယ်အိတ်အတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်း ထည့်လျက် အကြည်ရောင် ပလတ်စတစ်အိတ်ဖြင့် တစ်ထပ်၊ မိုင်းကိုင်စက္ကူဖြင့်တစ်ထပ်ထပ်ထားသော ပလတ်စတစ် ကပ်ခွာအိတ်အတွင်းမှ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂ဝဝပါ အထုပ် ၁ဝဝ စုစုပေါင်း ဆေးပြား ၂ဝဝဝဝ တန်ဖိုးငွေကျပ် ၁၁ဝဝဝဝဝဝဝခန့်နှင့် လက်ကိုင်ဖုန်း တစ်လုံးကို ရှာဖွေတွေ့ရှိရသဖြင့် စစ်မေးခဲ့သည်။

ထိုသို့ စစ်မေးရာ ပြန်လည်ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ပြောပြသဖြင့် သက်သေများရှေ့တွင် စိတ်ကြွဆေးပြား ၂ဝဝဝဝ၊ လက်ကိုင်ဖုန်း၊ ၎င်းစီးလာသော MARK II အမျိုးအစား 3C/----- ယာဉ်တို့ကို သိမ်းဆည်းပြီး ၎င်းသည် ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဟိုတယ်တစ်ခုတွင် ကျော်မင်းသက်၊ မျိုးကိုကိုတို့နှင့် အတူ တည်းခိုနေထိုင်ကြောင်း စစ်ဆေးသိရှိရ၍ ပူးပေါင်းအဖွဲ့က အဆိုပါဟိုတယ်သို့ သွားရောက်ရှာဖွေရာ ၎င်းတို့နှစ်ဦးထံတွင် မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ကျော်မင်းသက်၏ TOYOTA အမျိုးအစား 9D/---- ယာဉ်ကို ဟိုတယ်ကားပါကင်တွင် ရပ်ထားကြောင်း တွေ့ရှိရသဖြင့် ထပ်မံသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မျိုးခန့် (ခ) ဖိုးသား ဈေးကွက်သစ်ရပ်ကွက် ရွာတန်းကျေးရွာ ရမည်းသင်းမြို့နယ်၊ ကျော်မင်းသက် ကျည်တောက်ပေါက်ကျေးရွာ စဥ့်ကူးမြို့နယ်၊မျိုးကိုကို ကျည်တောက်ပေါက်ကျေးရွာ စဥ့်ကူးမြို့နယ် နေသူတို့ကို အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းက မယ(ပ)၄/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ-၁၉(က)၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger