www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 12, 2018

မင်းလှမြို့နယ်က ဆောက်လုပ်ဆဲ လေအားလျှပ်စစ် တာဝါတိုင် ဆိုင်းကြိုးမခိုင်ဘဲ လဲကျရာ လူသေဆုံးမှုဖြစ်



မင်းလှ ၁၂-၆-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမကျေးရွာအုပ်စု ရေနံမကျေးရွာ သဲမြစ်ဆုံ တောင်ကုန်းရှိ လေအားလျှပ်စစ် တာဝါတိုင်သည် ဇွန် ၁ဝ ရက်က ဆိုင်းကြိုးပြတ်ပြီး တာဝါတိုင် ပြိုလဲသဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် Infra Capital Myanmar (ICM)၊ စင်ကာပူ အခြေစိုက် လေအားလျှပ်စစ် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် မင်းလှမြို့နယ် ရေနံမကျေးရွာ အနောက်မြောက်ဘက်ငါးမိုင် ခန့်အကွာ တောင်ကုန်းပေါ်ရှိ လေအားလျှပ်စစ် တာဝါတိုင် ဆောက်လုပ်ရေး လုပ်ငန်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် စင်္ကြံကျေးရွာနေသူ အလုပ်သမားခေါင်း မျိုးဦးနှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တလုပ်ထော်ကျေးရွာနေသူ မြတ်သူ (ခ) ဇော်ထွန်းတို့သည် တာဝါတိုင်ဆက်လက် တပ်ဆင်ရန် တာဝါတိုင်လေးဆက် အမြင့် ၄၂ ပေ၊ ၁ဝ လက်မခန့်သို့ စတီးကြိုး ဆိုင်းရန်အတွက် တက်ရောက် ခဲ့သည်။

ထိုသို့တက်ရောက်ပြီး ပြန်လည်ဆင်းလာစဉ် တာဝါတိုင် အမြင့်ပေ ၂ဝ ခန့်အရောက်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် တာဝါတိုင် မြောက်ဘက်မှ ယာယီ ဆိုင်းကြိုးပြတ်တောက်၍ တောင်ဘက်သို့ အခြေမှလဲကျခဲ့ရာ မျိုးဦးတွင် (စိုးရိမ်ရ) ဒဏ်ရာနှင့် မြတ်သူ (ခ) ဇော်ထွန်းတွင် ပေါက်ပြဲ၊ ပြတ်ရှဒဏ်ရာ များရရှိခဲ့၍ ရေနံမတိုက် နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိရာမှ မျိုးဦးမှာ အသက်ရှူကျပ်နေသဖြင့် မကွေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှုခံယူနေစဉ် ရရှိသောဒဏ်ရာများကြောင့် ညနေ ၄နာရီ ၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးဦးသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရေနံမနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁/၂ဝ၁၈) ဖြင့် အမှုရေး ဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger