www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 22, 2018

ဆောမြို့နယ် ကျောက်ထုမြို့ဒေသ ကံကြီးကျေးရွာတွင် မီးကြွင်းမီးကျန် မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား



ဆော ၂၂-၆-၂ဝ၁၈

ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသ ကံကြီးကျေးရွာတွင် ယနေ့ နံနက် ၄နာရီက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကံကြီးကျေးရွာရှိ ဒေါ်စန်းသီတာထွန်း နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ ဝါးကြမ်းသို့မီးစွဲကာ သစ်သားတိုင်၊ သွပ်မိုး၊ ဝါး ထရံကာ၊ဝါးကြမ်းခင်း၊ နှစ်ထပ်အိမ် အလျားပေ ၃ဝ၊ အနံ ၂၅ပေ၊ အမြင့် ၂၆ပေရှိ နေအိမ်တစ်လုံး မီးလောင်သွားပြီး တန်ဖိုးငွေကျပ် ငါးသိန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ဆောမြို့နယ် အုပ်ချုပ်ရေးမှူ ဦးမြဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်း၊ ကျောက်ထုမြို့ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ခင်မောင်ရွှေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၅ နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စန်းသီတာထွန်းကို ကျောက်ထုနယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၁၂၃/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger