ရေတာရှည် ၈-၆-၂ဝ၁၈
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ တောင်ဘက် ရွှေပြည်ကုန်းကျေးရွာ အနီးတွင် ယနေ့ နံနက် ၅ နာရီ မိနစ် ၃ဝခန့်က လမ်းဘေး ချရပ်ထားသော ကုန်တင်ယာဉ်ကို နောက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ်က အရှိန်လွန်ဝင်ရောက်တိုက်မိ ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရေတာရှည်မြို့ မရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် အောင်ကိုကိုသန့်နှင့် အဖွဲ့က သွားရောက် စစ်ဆေးရာ ရန်ကုန်မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ ဦးမြင့်ဇော် အေးသာယာ တောင်ကြီးမြို့နေသူ မောင်းနှင်လာသော 9B/------NISSAN DIESEL ၁၂ ဘီးကုန်တင်ယာဉ်သည် ရွှေပြည်ကုန်း ကျေးရွာအနီး ကားလမ်းမိုင်တိုင် (၁၈၉/၆)နှင့် (၁၈၉/၇) ကြားအရောက် ယာဉ်ကို လမ်းဘေးချရပ်၍ အပေါ့သွားစဉ် လမ်းကြောင်းတူမှ လင်းကိုကို စံပြရပ်ကွက် ကျောက်ပန်းတောင်းမြို့ (ယာဉ်နောက်လိုက်) မောင်းနှင်လာသော 7L/----- မစ်ဆူဘီရှီ ၁၂ ဘီးယာဉ်က အရှိန်လွန်ပြီး ရှေ့တွင် ရပ်တန့်ထားသော ကုန်တင်ယာဉ်၏ နောက်ပိုင်း ဝဲဘက်ခြမ်းကို ဝင်ရောက် တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ဦးခေါင်းပိုင်း တစ်ခုလုံး ပျက်စီးသွားပြီး မောင်းနှင်လာသူ လင်းကိုကိုတွင် ယာဘက်ခြေဖဝါးအလယ် စုတ်ပြဲကာ ဖဝါးရိုးကျိုးဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လင်းကိုကို ကို ရေတာရှည်မြို့မရဲစခန်းက ယာဉ်(ပ)၁၆/၂ဝ၁၈၊ရာဇသတ်ကြီး ပုဒ်မ-၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment