မန္တလေး ၁၉-၆-၂ဝ၁၈
မန္တလေး ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်ရှိ နေအိမ်အတွင်း မြေကျင်းတူး၍ သိုဝှက်ထားသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မန္တလေး ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မြင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဇီးအုပ်ကျေးရွာ ရဲကင်းမှူး ဒုတိယရဲအုပ်မြင့်လွင်၊ မန္တလေးခရိုင်မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ ဒုတိယရဲအုပ် ကျော်ဝင်းမောင်နှင့် အဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(တောင်ပိုင်း)မှ ရဲအုပ်လင်းထွန်းနှင့်အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ၄၅မိနစ်က သတင်းအရ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်နေ မမြင့်မြင့်အေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ နေအိမ်၏ ထမင်းချက်၊ အဝတ်လှန်းရာတွင် အသုံးပြုသည့် နေအိမ်မီးဖိုခန်း အနောက်ဘက်အခန်းအတွင်းရှိ မြေကြီးအတွင်း၌ ကျင်းတူး၍ သိုဝှက်ထားသော ဘိန်းဖြူဆပ်ပြာခွက် ၁ဝ ဂရမ်ခန့်ပါနှစ်ခွက်၊ ဘိန်းဖြူမှုန့်ပါရှိသည့် ပင်နီဆီလင်ဘူး ၃၁ဘူးနှင့် စိတ်ကြွဆေးပြား ၂၆၆၂ပြားကို ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြင့်မြင့်အေးကို အုန်းချောနယ်မြေရဲစခန်း က (ပ)၄၆/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment