www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 18, 2018

ငဖဲမြို့နယ်၌ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ၊ အမိုနီယံနိုက်ထရိတ်နှင့် ဒီတိုနီတာများ ဖမ်းဆီးရမိ



ငဖဲ ၁၈-၆-၂ဝ၁၈

ငဖဲမြို့နယ် ပဒါန်းကျေးရွာ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်ဘေး ဂိုဒေါင်အတွင်းမှ တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အမိုနီယံနိုက်ထရိတ်နှင့် ဒီတိုနီတာများ ဇွန် ၁၆ ရက် မွန်းတည့် ၁၂နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့မရဲစခန်းမှ သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးဌာနကြီး မှုခင်းဌာနမှ ရဲအုပ်သက်အောင်စိုး၊ ရဲအုပ်နိုင်လင်း ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ ပဒါန်းကျေးရွာ အမှတ် (၂)ရပ်ကွက်ရှိ တရုတ်လေး(ခ) လီကွမ်ယု၏ နေအိမ်ဘေး ဂိုဒေါင်အတွင်း ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ တစ်ခုလျှင် သုံးပိဿာခန့်ရှိ သမင်ချို သုံးခု၊ လေးပိဿာခန့်ရှိ အရေခွံခွာပြီး သင်းခွေချပ်အစိုလေးကောင်၊ သင်းခွေချပ် အကြေးခွံအစိုနှစ်ပိဿာခန့်၊ တစ်ခုလျှင် လေးလက်မပတ်လည် ခန့်ရှိ ဝက်ဝံအရေခွံ အပိုင်းလေးခု၊ ဝက်ဝံအရေခွံနှင့် အသားတွဲလျက်အစို တစ်ပိဿာခန့်၊ ၅ဝကျပ်သား ခန့်ရှိ ဝက်ဝံဦးခေါင်းအစို တစ်ခု၊၅ဝကျပ်သားရှိ ဆင်နှာခေါင်းသားအစို တစ်ခု၊ ဆင်အရေခွံ အတုံးသေး လေးတုံး၊ ဝက်ဝံအဆီ တစ်ပိဿာခန့် ထည့်ထားသည့် ဘူးတစ်ဘူးနှင့် ဖြူစူးများ၊ တစ်အိတ်လျှင် ၅ဝ ကီလိုဂရမ်ပါ အမိုနီယံနိုက်ထရိတ် သုံးအိတ်၊ ဒီတိုနီတာအခုရေ၅ဝ ပါ ၁၈ စည်း အရေအတွက်အားဖြင့် အခုရေ ၉ဝဝတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်လေး (ခ) လီကွမ်ယုကို အရေးယူပေးပါရန် ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ငဖဲမြို့မရဲစခန်းက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄ဝ(က)/၄၁(က)၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ-၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger