www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 18, 2018

အရည်အသွေးမီသော နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ် နိုင်ရေးဆောင်ရွက်



ရန်ကုန် ၁၈-၆-၂ဝ၁၈

ဘေးကင်းလုံခြုံပြီး အရည်အသွေး ပြည့်မီသော နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်မှသာ ပြည်ပမှ တင်သွင်းမှုများကို အစားထိုးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းဥက္ကဋ္ဌ ဒေါက်တာခင်လှိုင်ထံမှ သိရသည်။

ထို့ပြင် ပြည်တွင်း၌ အစားအစာ ဘေးကင်း လုံခြုံမှုအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဝိုင်းဝန်းလုပ်ဆောင် လျက်ရှိရာ ထုတ်လုပ်သူများ အနေဖြင့် မိမိတို့ ထုတ်လုပ်သည့် ထုတ်ကုန်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရန် လိုအပ်သည်။

''ထုတ်လုပ်သူတွေက ကိုယ်ထုတ်လုပ်တဲ့ပစ္စည်းက ဘေးအန္တရာယ် ကင်းရှင်းပြီး ဘေးကင်းလုံခြုံတဲ့ အစားအစာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အမြဲတမ်းလုပ်နိုင်မှသာ ပြည်ပကတင်သွင်းနေတဲ့ သွင်းကုန်တွေကို အစားထိုးနိုင်မှာပါ'' ဟု ဒေါက်တာခင်လှိုင်က ပြောသည်။

လတ်တလောတွင် နို့နှင့်နို့ထွက် ပစ္စည်းများကို နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံတို့မှ အဓိကတင်သွင်းပြီး နိုင်ငံတကာကလည်း နို့မှုန့်၊ နို့ဆီနှင့် နို့စိမ်းဘူးများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

''ပြည်တွင်းထွက်ရှိမှုက စားသုံးမှုအတွက် မလုံလောက်ဘူး။ ဒါကြောင့် နှစ်စဉ် ပြည်ပ ကနေသွင်းနေရတာပါ''ဟု ဒေါက်တာခင်လှိုင်က ပြောသည်။

လတ်တလောတွင် ပြည်တွင်း၌ နို့စားနွားကောင်ရေ သုံးသိန်းခန့်ရှိပြီး တစ်ဝက်ခန့်သာ နို့ထွက်ရှိသည့်အတွက် ပြည်တွင်းစား သုံးမှုမလုံလောက်သဖြင့် နို့နှင့်နို့ထွက် ပစ္စည်းများကို နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၁၁ဝ ဝန်းကျင်ခန့် ပြည်ပမှတင်သွင်း နေရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger