www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

Myanmar Automated Cargo Clearance System ကို မြဝတီကုန်သွယ်ရေးဇုန်တွင် လာမည့်ဇွန်လမှ စတင်အသုံးပြုသွားမည်



ရန်ကုန် ၂၂-၅-၂ဝ၁၈

MACCS (Myanmar Automated Cargo Clearance System) ကို မြဝတီကုန်သွယ်ရေး ဇုန်တွင် လာမည့်ဇွန်လမှ စတင်အသုံးပြု ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ သတင်းများအရ သိရသည်။

အဆိုပါ MACCS စနစ်သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုဖြစ်သည်။ အဆိုပါစနစ်ကို အသုံးပြုခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက် နိုင်မည့်အပြင် အချိန်ကုန် သက်သာစေသဖြင့် ကုန်စည်စီးဆင်းမှုကို ယခင်ကထက် ပိုမိုလုပ်ကိုင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါစနစ်ကို ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနက၂ဝ၁၆ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် စတင်အသုံးပြုခဲ့ရာ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ယခင်ကထက် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ ကြသည်။ ရန်ကုန် တိုင်းဒေသကြီးတွင် အဆိုပါ MACCS ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်၍ ကရင်ပြည်နယ်ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်တွင် လာမည့်ဇွန်လမှစတင်ကာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေး ဇုန်သည် မြန်မာနိုင်ငံ၏ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေး ဇုန်တစ်ခု ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့်လည်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှုရှိနေကြောင်းအကောက်ခွန်ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger