www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

ဖားကန့်မြို့နယ်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် တစ်ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ



ဖားကန့် ၂၂-၅-၂ဝ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ တစ်သုံးလုံး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီနှင့် ရတနာကြယ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီကြားရှိ စွန့်ပစ်မြေစာပုံတွင် မေ ၂ဝ ရက် ညနေ ၅ နာရီ မိနစ်၃ဝက
ရေမဆေးကျောက် ရှာဖွေသူများ ကျောက်ရှာဖွေနေစဉ် အကျယ်ပေ ၅ဝ ခန့်နှင့်အမြင့်ပေ ၁ဝဝခန့်ရှိ စွန့်ပစ်မြေစာပုံမှာ ရုတ်တရက် ပြိုကျရာ ရေမဆေးကျောက် ရှာဖွေသူများထံ ဖုံးအုပ်မှုဖြစ်ပွားခဲ့၍ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးပြေငြိမ်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကုမ္ပဏီဘက်ဟိုးယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ အောင်ဌေးကို သေဆုံးလျက် ရှာဖွေတွေ့ရှိပြီး အောင်ငယ်၊ ကျော်ရဲအောင်၊ ရဲကို၊ မောင်ဝင်း၊ သိန်းဇော်၊ မောင်နိုင်၊ ဇော်လင်းထွန်း၊ ကိုအောင်၊မြင့်ကျော်၊ သိန်းလှိုင်၊ တင်ငြိမ်းဦးတို့တွင် ထိခိုက်ဒဏ်ရာများအသီးသီးရရှိ၍ ဖားကန့်၊ လုံးခင်းတို့မှ လူမှုကူညီရေးအသင်း မော်တော်ယာဉ်များဖြင့် ဖားကန့်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဌေးသေဆုံးခြင်းကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ် သိရှိနိုင်ရန် ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းအမှတ်စဉ် (၃၃/၂ဝ၁၈)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger