www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 15, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်တပ်နယ်နှင့် မြောင်းမြတပ်နယ်များအား လှည့်လည်ကြည့်ရှုစစ်ဆေး




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြောင်းမြတံတားသစ် တည်ဆောက်နေမှုအား ကြည့်ရှုစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်တပ်နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နယ်မြေခံတပ်ရင်းမှမိသားစုဝင်များအား တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားစဉ်။


နေပြည်တော် ၁၅-၅-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်ရှိ ပမ္မ၀တီရေတပ်စခန်းဌာနချုပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများ၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရိပ်ရလေကာပင်များ 
စိုက်ပျိုးထားရှိမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက် နေမှု အခြေအနေများနှင့် မြောင်းမြကြိုးတံတားပြိုကျ ပျက်စီးမှုဖြစ်ပွားစဉ်ပါဝင်ကူညီဆောင်ရွက်ခဲ့မှု၊ လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန် တပ်မတော်(ရေ)မှစစ်ရေးယာဉ်များဖြင့် လူ၊ ယာဉ်နှင့်ကုန်ပစ္စည်းများ အား သယ်ဆောင်ပေးလျက်ရှိသည့် အခြေအနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်၍ တပ်မတော်သားမိသားစုဝင်များအား ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်း များဖြင့်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ အရိပ်ရလေကာပင်များအားယခုထက်ပိုမိုဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက် ပေးရန်တို့အား မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်ကျွန်းမြို့ရှိ နယ်မြေခံတပ်ရင်း သို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများနှင့် တပ်တည်ဆောက် ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နယ်မြေခံတပ်ရင်းအိမ်ထောင်သည်လိုင်းခန်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး မိသားစု ၀င်များအားတွေ့ဆုံ၍ နှုတ်ဆက်အားပေးစကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက် ဖွယ်ရာများပေးအပ်သည်။

ဆက်လက်ပြီး ညနေပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင် များသည်မြောင်းမြမြို့သို့ ရောက်ရှိ ကြပြီး မြောင်းမြကြိုးတံတားသစ်တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူ များက ကြိုးတံတားအဟောင်း ဆယ်ယူရေးတွင် တပ်မတော်(ရေ)မှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ကြိုးတံတားအသစ်တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအားမေးမြန်းဆွေးနွေးပြီး ကြိုးတံတားအသစ်အတွက်လိုအပ်သည့် သံမဏိ သံဘောင်များကို မြန်မာစီးပွားရေးကော်ပိုရေးရှင်း မှဦးစားပေး၍ အမြန်ဆုံးထုတ်လုပ်ပေးသွင်းသွားရန် မှာကြား ခဲ့သည်။

ထို့နောက် ကြိုးတံတားအသစ်တည်ဆောက်နေမှုများအားကြည့်ရှုရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ခရီးသွားပြည်သူများ၊ ယာဉ်နှင့် ကုန်ပစ္စည်းများအား တပ်မတော်(ရေ)မှ ကမ်းထိုး ရေယာဉ်များဖြင့် တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးနေမှုအခြေအနေများ အားသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။၎င်းနောက် မြောင်းမြမြို့၊ နယ်မြေခံတပ်ရင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာများပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုသိမ်တပ်နယ်ရှိ စစ်မှုထမ်းဟောင်း အိမ်ရာ တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအိမ်ရာဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger