www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 15, 2018

ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ လေ့လာရေး ခရီးသွားရောက်


ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ စစ်ရေယာဉ်များအား လေ့လာကြစဉ်။

နေပြည်တော် ၁၅-၅-၂ဝ၁၈

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ များသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ စခန်း ပေါင်းစုံ တွေ့ဆုံပွဲပြု လုပ်ကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများလိုက်ပါ၍ သန်လျင်တပ်နယ်၊ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်သို့ ရောက်ရှိကြရာ သီရိမဟာ ဇေယျကျော်ထင်ခန်းမ၌ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၏ လေ့ကျင့်ရေး တာဝန်များကို တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြသသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်း သူများသည် DMO ရှိ SHS (A) နှင့် Engine Room Simulator ၊ တပ်မတော်(ရေ) ဗဟို စာကြည့်တိုက်၊ စိတ် ဓာတ်မြှင့် တင်ရေးခန်းမ၊ နက္ခတ်တာရာ ပြခန်း၊ ရေကြောင်း ပြခန်း၊ Damage Control Simulator-Zarmani နှင့် သမိုင်းဝင် စစ်ရေယာဉ် (မေယု) သို့ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်းပြသကြသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ များသည် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ ရောက်ရှိကြပြီး သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ ပြုပြင်ရေး ဆောင်ရွက်နေမှု များ၊ Shiplift System ဖြင့် ရေယာဉ်များ လွန်းတင်/လွန်းချ စနစ်များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ တွင်ခုံ၊ ဖောက်ခုံ၊ ရေဘော်ခုံများသို့ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန် ရှိသူများက ရှင်းလင်းပြသကြသည်။

၎င်းနောက် သန်လျင်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား၌ ဆိုက်ကပ်ထားသော စစ်ရေယာဉ်များသို့ သွားရောက် လေ့လာကြရာ ရေယာဉ်ဆိုင်ရာ အချက်အလက်များနှင့် ရေကြောင်း သွားလာရေး ဆိုင်ရာ အထွေထွေ ဗဟု သုတများ၊ စစ်ရေယာဉ်များ ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အခြားသိသင့် သိထိုက်သည် များကို တာဝန်ရှိသူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger