www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 14, 2018

မြန်မာ-ထိုင်း-တရုတ်-လာအို-ဘရာဇီး ငါးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ် ပွဲကျင်းပ



ရန်ကုန် ၁၄-၅-၂ဝ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တို့က ကြီးမှူးပြီး MMTS  နှင့် H & S Group တို့မှ စီစဉ်သည့် Lethwei Nation 50 Media Championship အမည်ရှိ မြန်မာ-ထိုင်း-တရုတ်-လာအိုဘရာဇီး ငါးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကွာတားဖိုင်နယ် ပွဲစဉ်-၂ ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်-၂တွင် စုစုပေါင်းတွဲဆိုင်း ရှစ်ဆိုင်းယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး လေးချီစိန်ခေါ်ပွဲစဉ် အဖြစ်ထိုးသတ်ခဲ့သည့် ချစ်မိုးအောင် (ရွှေသထုံ) နှင့် မိုက်မိုက် (STL) တို့ပွဲစဉ်နှင့် ကျော်ဝင်းအောင် (အဖြူရောင်သွေးသစ်)နှင့် ထွန်းဘွား(ရွှေသထုံ) တို့ပွဲစဉ်တွင် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။

၅၇-၆၁ ကီလိုတန်း ငါးချီစိန်ခေါ် ပွဲစဉ်အဖြစ် ဒေါင်းဖြူလေး (Adventure) နှင့် ခွမ်းဖစ် (ထိုင်း) တို့ ပွဲစဉ်တွင်ခွမ်းဖစ်က အနိုင်ရှိခဲ့ပြီး ရဲသွေးနီ (တောင်ကလေး) နှင့် ပင်ဖစ်(ထိုင်း) တို့ပွဲစဉ်တွင် ရဲသွေးနီ (တောင်ကလေး) က ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

၆၂-၆၆ ကီလိုတန်း ငါးချီ စိန်ခေါ်ပွဲစဉ်တွင် စောမင်းအောင် (တောင်ကလေး)နှင့် ဗထူးမောင်(ရတနာပုံ) တို့ ပွဲစဉ်တွင် စောမင်းအောင် (တောင်ကလေး)က ပထမအချီ၌ အလဲထိုးဖြင့် လည်းကောင်း၊စိုးထက်ဦး (Phoenix)နှင့် ဆူနီအို(ထိုင်း)တို့ပွဲစဉ်တွင် စိုးထက်ဦး (Phoenix) က ပထမအချီ အလဲထိုးဖြင့် လည်းကောင်း၊ ကျားပေါက် (ရန်စစ်ငြိမ်း)နှင့် ကျောက်လျှမ်းလီ(တရုတ်)တို့ ပွဲစဉ်၌ ကျားပေါက် (ရန်စစ်ငြိမ်း) က ဒုတိယအချီတွင် အလဲထိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

နောက်ဆုံးပွဲစဉ် အဖြစ် ၆၇-၇၁ ကီလိုတန်း ငါးချီစိန်ခေါ် ပွဲစဉ်အဖြစ် ဒေါနအောင် (Phoenix) နှင့် မင်းမောင်မောင်(တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ငါးချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အနိုင်အရှုံး ရလဒ်မပေါ်ဘဲ မင်းမောင်မောင် (တောင်ကလေး)က အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger