ပဲခူး ၁၄-၅-၂ဝ၁၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင် ဘုရားလေးကျေးရွာအနီး ရန်ကုန်မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ်(၆၂/၃) နှင့် (၆၂/၄) ကြားတွင် မေ ၁၂ရက် ည ၆နာရီက ၂၂ ဘီးနောက်တွဲယာဉ်က ရှေ့ယာဉ်ကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ယာဉ်မောင်း သက်ကိုကို (ဘ) ဦးထွန်းနိုင် မာလာမြိုင်ရပ်ကွက် ပန်းတောင်းမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN-7M/---- နောက်တွဲနံပါတ်(1TLT/----) SCANIA အမျိုးအစား အစိမ်းရောင် ၂၂ဘီးနောက်တွဲ မော်တော်ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ရှေ့မှသွားနေသည့် ယာဉ်ကိုကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ မော်တော်ယာဉ်ဦးခေါင်းလည်ပြီး မှောက်သွားသဖြင့် နောက်တွဲကိုယ်ထည်မှာ လမ်းမပေါ် လဲကျတိမ်းမှောက် သွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ် ဦးခေါင်းပိုင်းမှာ လမ်းဖြင့်ပွတ်တိုက်မိကာ အနည်းငယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် ဘုရားကြီးမြို့ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် အနီးရှိ ပြည်သူများက စုပေါင်းမီးငြှိမ်းသတ်ပြီးဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် မင်းကျော်ကို ဘုရားကြီးမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ကိုကို ကို အရေးယူပေးရန် ယာဉ်ထိန်းရဲ ဒုတိယရဲအုပ်သီဟအောင်က တရားလိုပြုလုပ်တိုင်တန်း သဖြင့်ဘုရားကြီးနယ်မြေရဲစခန်းက ယာဉ်(ပ)၄ဝ/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၃၇/၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment