www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 4, 2018

မိုးမိတ်မြို့နယ်နှင့် မံစီမြို့နယ်အတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ကျောထောက်နောက်ခံဖြင့် တရားမ၀င်သစ် ထုတ်လုပ်နေမှုများအား သိမ်းဆည်းရမိ


သိမ်းဆည်းရမိသစ်နှင့် သစ်တင်ယာဉ်များကို တွေ့ရစဉ်။

သိမ်းဆည်းရမိသစ်နှင့် သစ်တင်ယာဉ်ကိုတွေ့ရစဉ်။


နေပြည်တော် ၄-၄-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်နှင့် မံစီမြို့နယ်အတွင်း မြန်မာ့အဖိုးတန်သယံဇာတများအား တရား မ၀င်ထုတ်လုပ်နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ မတ် ၃၀ ရက်မှ ဧပြီ ၂ ရက်အထိ မိုးမိတ်နယ်မြေအတွင်း ရွှေလီမြစ်ကြောင်းတစ်လျောက်၌ ကျွန်းသစ်လုံး ဆိုဒ်စုံ ၂၀၂ တန်ခန့်၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၃ တန်ခန့်၊ သစ်တင်ယာဉ်မျိုးစုံ ၆ စီး၊ သစ်တင်ရာတွင် အသုံးပြုသည့်စက်တပ်လှေ ၉ စီး၊ လွှဝိုင်း ၄ ခု နှင့် သစ်စက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ မံစီမြို့နယ်အတွင်း၌ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၈ တန်ခန့်နှင့် သစ်တင်ယာဉ် မျိုးစုံ ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး သစ်ထုတ် လုပ်နေမှုအား ပူးပေါင်းဆောင်ရွက်နေသည့် KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ဇန်န၀ါရီ ၁ ရက်မှ ဧပြီ ၂ ရက်အထိ တရားမ၀င်ကျွန်းသစ် ၁၁၂၉ တန်ခန့်၊ အခြားသစ်မျိုးစုံ ၃၂၃ တန်ခန့်၊ သစ်တင်ယာဉ်မျိုးစုံ ၃၈ စီး၊ သစ်စက် ၇ လုံး၊ သစ်တင်ရာတွင် အသုံးပြုသည့်လှေ ၁၇ စီးနှင့်ဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိ ခဲ့ပြီးဖြစ်သည်။

အထက်ပါ သိမ်းဆည်းရမိသစ်များနှင့် ယာဉ်များအား သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနများသို့ လွှဲပြောင်း အပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် KIA အကြမ်းဖက်သောင်းကျန်းသူများ၏ ကျောထောက်နောက်ခံပြုလျက် မြန်မာ့ အဖိုးတန် သယံဇာတများအား ကိုယ်ကျိုးစီးပွားအတွက် တရားမ၀င် ထုတ်လုပ်နေမှုများကို တားဆီးကာကွယ်နိုင် ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger