www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 26, 2018

ရှေးဟောင်း မြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အီတလီနိုင်ငံ Florence တက္ကသိုလ်နှင့် ပူးပေါင်းရေးဆွဲ၍ ဆောင်ရွက်နေ



မန္တလေး ၂၆-၄-၂ဝ၁၈

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ အောင်မြင်ဖြစ်ထွန်း၍ အမျိုးသား အကျိုးစီးပွားမြှင့်တင် နိုင်ရေးအတွက် ရှေးဟောင်းမြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အီတလီနိုင်ငံ Florence တက္ကသိုလ်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲကာ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပြ၍ သိရသည်။

အဆိုပါ စီမံချက်ကို ၂ဝ၁၆ခုနှစ်က ရေးဆွဲပြီးစီး၍ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝအမွေအနှစ် များပေါများရာ ထင်ရှားသည့် ရှေးဟောင်း ဒေသများဖြစ်သည့် မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်းဒေသတို့ ပါဝင်သည့် ရှေးဟောင်း ဒေသများတွင် ခရီးသွားများကို ဆွဲဆောင်နိုင်စေရန် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

"ဒီစီမံကိန်းကို ရေတို၊ ရေလတ်နဲ့ ရေရှည်ဆိုပြီး အပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ ခရီးစဉ်တွေကို ပိုမိုကာကွယ် ထိန်းသိမ်းရင်းနဲ့ လမ်းပန်းဆက်သွယ်ရေး တွေအဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ မန္တလေးမှာဆိုရင် ခရီးသွားတွေ အဆင်ပြေအောင် သိပ္ပံလမ်းရဲ့အပြင်ဘက်မှာ စက်ဘီးသီးသန့် သွားနိုင်အောင် လမ်းတွေ စီစဉ်ထားပါတယ်။ ရှေးဟောင်းမြို့တော် တွေမှာပါတဲ့ ယူနက်စကို အသိမှတ်ပြုတဲ့ သီးခြားဇုန်လေးတွေလုပ်ဖို့ အစီအစဉ်တွေ ရှိတယ်။ အခြေခံ အဆောက်အအုံတွေ ပြည့်မီအောင် ဆောင်ရွက်နေတာတွေ လဲရှိတယ်။ မင်းကွန်းဘက်မှာ ဆိုရင်လဲ ရေယာဉ်တွေဆိုက်ကပ်ဖို့ ဆိပ်ခံတံတားတွေ လုပ်ပေးထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းသို့နိုင်ငံ တကာ ခရီးသွားများသာမက ပြည်တွင်းခရီးသွား ဝင်ရောက်မှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျက်ရှိရာ ၂ဝ၁၇ခုနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည် ဦးရေနှစ်သိန်းကျော်နှင့် ပြည်တွင်း ခရီးသွားဦးရေ သုံးသိန်း ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger