www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 25, 2018

ပခုက္ကူ ခရိုင်တွင် ယခင်ဘဏ္ဍာနှစ်အတွင်း စိုက်ဧက ၁ဝ၉၅ ဧကကို စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့



ပခုက္ကူ ၂၅-၄-၂ဝ၁၈

ပခုက္ကူခရိုင် စက်မှုလယ်ယာ ဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း၌ စိုက်ဧက ၁ဝ၉၅၈ ဧကကို စက်မှုလယ်ယာ ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ကြောင်း ပခုက္ကူခရိုင် စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ တစ်နှစ်ထက်တစ်နှစ် တိုးတက် ပြောင်းလဲလျက် ရှိကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ထွန်စက်ကြီးများ၊ ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ၊ ကောက်စိုက် စက်ကြီးများဖြင့် စိုက်ဧက ၁ဝ၉၅၈ ဧကကို အောင်မြင်စွာ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်း နိုင်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ထွန်စက်ကြီး လေးစီးကို လက်ငင်းစနစ် နည်းနဲ့လဲ ရောင်းချခဲ့ပါတယ်။ သုံးနှစ် ခုနစ်ရစ်စနစ်နဲ့ စက်တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းကို ပထမအရစ် ပေးသွင်းပြီး ကျန် ၉ဝ ရာခိုင်နှုန်းကို ခြောက်လတစ်ဖြတ် ခြောက်ကြိမ်ပေးသွင်းတဲ့စနစ်နဲ့ ထွန်စက်ကြီး ၄၅ စီး၊ နှစ်နှစ် သုံးရစ်ဆပ်စနစ်နဲ့ ဒေါင့်ဖန်းလက်တွန်းစက် ၈၄ စီးကို ရောင်းချ ပေးနိုင်ခဲ့ပါတယ်။ ထွန်ယက်စိုက်ပျိုးရေး၊ ရိတ်သိမ်းရေး ကဏ္ဍမှာတော့ ၁ဝ၉၅၈ ဧကကို စက်မှု လယ်ယာကူးပြောင်း ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု စက်မှုလယ်ယာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း ထွန်ယက်စိုက်ပျိုးရေး၊ ရိတ်သိမ်းရေး ကဏ္ဍများတွင် ဌာနဝန်ဆောင်မှု များမှာ ထွန်စက်ကြီးများဖြင့် ၁ဝ၅ဝ၃ ဧက ကိုထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် ၄၁၅ ဧကကို ရိတ်သိမ်းခြင်း၊ ကောက်စိုက် စက်ကြီးများဖြင့် မိုးစပါးဧက ၄ဝ ကို စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger