www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 25, 2018

ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ ငါးခူရ ပြန်လည်လက်ခံရေး စခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် သတင်းရယူ



မောင်တော ၂၅-၄-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပါအဝင် သိရှိလိုသည်များ မြေပြင်ကွင်းဆင်း သတင်းရယူသည်။ သတင်းမီဒီယာ သမားများသည် ယနေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ ငါးခူရပြန်လည်လက်ခံ ရေးစခန်းနှင့် လှဖိုးခေါင် ကြားစခန်းတို့တွင် သတင်းရယူကြပြီး တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မိသားစုဝင် ငါးဦးတို့ကိုတွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။

သတင်းမီဒီယာ အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သို့ရောက်ရှိရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ခရီးစဉ်အတွင်း သတင်းရယူနိုင်ရေး စီစဉ်ထားရှိမှု၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ခုနှစ်အတွင်း အကြမ်းဖက် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် လတ်တလော ဆောင်ရွက်နေသည့် UEHRD လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက် ငါးခူရပြန်လည် လက်ခံရေး စခန်းသို့ရောက်ရှိရာ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များနှင့် ပြန်လည်ဝင်ရောက် လာသူများကို NVC ကတ်ထုတ်ပေးရေး လုပ်ငန်း အစီအစဉ်များကို တာဝန်ရှိသူများက ရှင်းလင်း ပြောကြားကြကာ သတင်းမီဒီယာ အဖွဲ့များမှ သိလိုသည်များ မေးမြန်းကြသည်။

ယင်းနောက် လှဖိုးခေါင်ကြား စခန်းသို့ ရောက်ရှိပြီး ကြားစခန်း အပြီးသတ် တည်ဆောက်နေမှုများနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်သတင်း ရယူကြသည်။

ထို့နောက် သတင်းမီဒီယာ အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပြန်လည်ရောက်ရှိပြီး ပြန်လည် ဝင်ရောက်လာသည့် မိသားစုဝင်ငါးဦးကို သီးခြားစီတွေ့ဆုံကာ တစ်ဖက်နိုင်ငံမှ ပြန်လည်
ဝင်ရောက်လာသည့် နေ့ရက်၊ ပြန်လည် ဝင်ရောက်လာသည့် အကြောင်းရင်း၊ ဝင်ရောက်ခဲ့ သည့်နေရာ၊ တစ်ဖက်နိုင်ငံတွင် နေထိုင်ခဲ့သည့် နေရာ၊ လက်ရှိနေထိုင်နေမှု၊ အလုပ်အကိုင်၊ တစ်ဖက်နိုင်ငံမှ ပြန်မလာကြသူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏အမြင်၊ လက်ရှိ အခြေအနေတွင် အနှောင့်အယှက်ရှိ၊ မရှိနှင့် NVC ကတ်အပေါ် ၎င်းတို့၏အမြင်များနှင့် စပ်လျဉ်း၍ မေးမြန်း သတင်းရယူကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger