www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 12, 2018

၁၁ နှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှု ဖြစ်စဉ်များတွင် ပေါ့ဆမီးနှင့် မီးဖိုမီးတို့ကြောင့် အများဆုံး ဖြစ်ပွားခဲ့ရ



မကွေး ၁၂-၄-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှု ဖြစ်စဉ်များတွင် ပေါ့ဆမီးနှင့် မီးဖိုမီးတို့ကြောင့် အများဆုံး ဖြစ်ပွားခဲ့ရပြီး ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်ထိ ၁၁ နှစ် တာကာလအတွင်း ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု ၄၆၆ ကြိမ်၊ မီးဖိုမီးကြောင့် ၃၃၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

၁၁ နှစ်တာကာလအတွင်း မီးလောင်မှု ဖြစ်စဉ်များတွင် မီးဖိုမီးကြောင့် ၃၃၂ ကြိမ်၊ ပေါ့ဆမီး ၄၆၆ ကြိမ်၊ လျှပ်စစ်မီး ၁၄၁ ကြိမ်၊ မသမာသူရှို့မီး ၁၂၅ ကြိမ်၊တောမီး ၆၂ ကြိမ်၊ အလိုအလျောက်မီး ၁၄ ကြိမ်၊ မိုးကြိုးပစ်မီး တစ်ကြိမ်တို့ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးနှင့် မီးဖိုမီးတို့ အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ၂ဝဝ၇ခုနှစ်မှ ၂ဝ၁၇ခုနှစ်ထိ ၁၁ နှစ် တာကာလအတွင်း မီးလောင်မှု ၁၁၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူ ၂ဝ၂၃၃ဦး၊ ဒဏ်ရာရသူ ၂ဝ၂ဦး၊ လူသေဆုံး ၁၅၆ဦး၊ တိရစ္ဆာန်သေဆုံး ၁၁ဝ၇ ကောင်၊ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၅ဝ၆၄ သိန်းကျော်ရှိခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လကုန်ထိ မီးဖိုမီး ၁၆ ကြိမ်၊ လျှပ်စစ်မီး ၁၁ ကြိမ်၊ ပေါ့ဆမီး၂၅ ကြိမ်၊တောမီး ၁၂ ကြိမ်၊ ရှို့မီးကိုးကြိမ် စုစုပေါင်းမီး ၇၃ ကြိမ်လောင်ကျွမ်းမှု ဖြစ်ပွားသဖြင့် လူတစ်ဦး၊ တိရစ္ဆာန်၄၉၃ ကောင်သေဆုံး ခဲ့ပြီးအိမ်ခြေ ၂၇လုံးမီးလောင်ကျွမ်း၍ ပြည်သူ ၁၂၁၇ဦး မီးဘေးသင့်ဒုက္ခ ခံစားခဲ့ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger