ရန်ကုန် ၂၃-၄-၂ဝ၁၈
မြန်မာနိုင်ငံ၏ ရေထွက် ပို့ကုန်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတကာအဆင့်မီ ငါးကန်များ၊ အစာထုတ်စက်ရုံများ၊ အအေးခန်းများနှင့် ထုတ်ကုန်အရည်အသွေး မြှင့်စက်ရုံများ တည်ဆောက် လုပ်ကိုင်ဆောင်ရွက်ရန် ယခုအခါ စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ သတင်းများအရ သိရသည်။
ယခုအခါ မြန်မာ့ပင်လယ်ပြင်နှင့် သဘာဝရေပြင်များမှ ငါး၊ပုစွန်ဖမ်းဆီးရမိမှု နည်းပါးနေသော်လည်း ရေထွက်ကုန် ပစ္စည်းပြည်ပတင်ပို့မှု ကဏ္ဍတွင် ဆယ်နှစ်တာ ကာလအတွင်း အမြင့်ဆုံးစံချိန်တင် တင်ပို့နိုင်ခဲ့သည်။ မြန်မာ့ရေလုပ်ငန်း ကဏ္ဍအနေဖြင့် ပင်လယ်ပြင်နှင့် သဘာဝရေပြင် ဒေသများမှ ငါး၊ပုစွန်ဖမ်းဆီး ရမိမှုနည်းပါးလာ၍ မွေးမြူရေး ကဏ္ဍကို အားပေးဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်ရှိတွင် မြန်မာ့ရေထွက် ပို့ကုန်များကို ပြည်ပသို့ တိုးတက်တင်ပို့ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ ဈေးကွက်များတွင် ဈေးကွက် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးအတွက် မြန်မာ့ရေထွက်ပို့ကုန်များကို နိုင်ငံတကာ အဆင့်မီစေရေးနှင့် နိုင်ငံတကာ ဈေးကွက်များ၏ စံချိန်စံညွှန်းများနှင့် အမီတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment