www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 4, 2018

မြိုင်မြို့နယ် ရေနံမှော်တွင် လျှံကျင်းများ မကြာခဏပေါ်ပေါက် သော်လည်း လုပ်ငန်းရှင်များ လုပ်သားမတည်မြဲမှု များဖြစ်ပေါ်နေ



မြိုင် ၄-၄-၂ဝ၁၈

မြိုင်မြို့နယ် ရေနံမှော်တွင် ရေနံတူးဖော် လုပ်ကိုင်သူများ အနေဖြင့် အချို့သောရေနံတွင်း များမှာ လျှံကျင်းများ မကြာခဏ ပေါ်ပေါက်သော်လည်း ရေနံတူးဖော်ရေး လုပ်ငန်းရှင်များ လုပ်သားမတည်မြဲမှု များဖြစ်ပေါ် နေကြောင်း မြိုင်မြို့နယ် ရေနံတူးဖော် လုပ်ကိုင်ကြသူများထံမှ သိရသည်။

မြိုင်မြို့နယ် ဆူးဝင်း၊ ကျောက်ခွက်၊ သပြေညို၊ တရုတ်ကုန်း ရေနံမှော်တို့တွင် လက်ရှိရေနံတူးဖော် လုပ်ကိုင်ကြသော လုပ်သားများ အနေဖြင့် ရေနံတူးရာတွင် ရာသီဥတု ပူပြင်းခြင်း၊ ရေနံမှော်ဒေသတွင် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့နေခြင်း၊ ရေနံလျှံကျင်းများ မကြာခဏ ဖြစ်ပေါ်သည့် အတွက် ရေနံလုပ်သားများ ပင်ပန်းမှု ဒဏ်ခံရခြင်း စသောအကြောင်း များကြောင့် အလုပ်သမားများမှာ မိမိနေရပ်သို့ ပြန်သွားခြင်း၊ အနားယူပြီးလျှင် ရေနံမှော်သို့ တစ်ဖန်ပြန်လည် လုပ်ကိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အခုလောလောဆယ်တော့ မှော်ထဲမှာ လျှံကျင်းတွေ မကြာခဏ ပေါ်ပေါက်ပါတယ်။ အလုပ်သမားတွေ အနေနဲ့ ၂၄ နာရီအလှည့်ကျ ရေနံခပ်ရတဲ့အတွက် ပင်ပန်းဆင်းရဲကြတယ်။ တချို့လျှံကျင်း တွေဆိုရင် ရာသီဥတု ပူပြင်းလွန်းလို့ ပွတ်တိုက်မှု ကြာလာတဲ့အတွက် မီးလောင်မှုတွေဖြစ်ပြီး အသက် အန္တရာယ်စိုးရိမ်ကြလို့ ကိုယ့်ရွာကို ပြန်လိုက်၊ ပြန်ရောက်လာလိုက်နဲ့ မမြဲပါဘူး။ ဒါကြောင့် လုပ်ငန်းလုပ်ရာမှာ အချိန်တွေ နှောင့်နှေးရပါတယ်"ဟု သပြေညိုရေနံ မှော်မှရေနံ တူးဖော်ရေး လုပ်ငန်းရှင် ဦးဖိုးသက်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger