www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 2, 2018

မိတ္ထီလာမြို့နယ် သရက်ပင်ချောင်းအတွင်း ၁ဝ ဘီးယာဉ်တစ်စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွား လူနှစ်ဦးသေဆုံး



မိတ္ထီလာ ၂-၄-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် သရက်ပင်ချောင်း အတွင်းယနေ့ နံနက် ၄ နာရီခန့်က ၁ဝ ဘီးယာဉ်တစ်စီး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမိုင်တိုင်အမှတ် (၁၂/၅) နှင့် (၁၂/၆) ကြား ကားလမ်းအတိုင်း မင်းပြားဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝင်းစိုး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ပြည်စုံ လိုက်ပါလာသော ယာဉ်အမှတ် 5N/----4D ၁ဝဘီးယာဉ် အမျိုးအစား စိမ်း၊ဝါရောင် မော်တော်ယာဉ်သည် သရက်ပင်တံတား အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ဝဲဘက် တံတားလက်ရန်းတိုင်ကို ဝင်ရောက်တိုက်မိပြီး သရက်ပင်ချောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့သည်။

အဆိုပါထိုးကျ တိမ်းမှောက်မှုကြောင့် ဝင်းစိုးတွင် လည်ပင်းညိုမည်း ဒဏ်ရာ၊ ရင်ဘတ်ချိုင့်ညို မည်းဒဏ်ရာ၊ ဝဲ၊ ယာ လက်ဖျံ ပွန်းပဲ့ဒဏ်ရာများနှင့် ပြည့်စုံတွင် နှာခေါင်းနှင့်ပါးစပ်မှ သွေးထွက်ဒဏ်ရာ၊ ရင်ဘတ်ညိုမည်း ဒဏ်ရာ၊ယာပေါင်ညိုမည်း ဒဏ်ရာများဖြင့် နှစ်ဦးလုံး အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဝင်းစိုးကို ရှမ်းမငယ် နယ်မြေရဲစခန်းက ယာဉ်(ပ)၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၄(က)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger