www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 9, 2018

ရတနာပုံတိရစ္ဆာန် ဥယျာဉ် (မန္တလေး) ကို ပလတ်စတစ်ကင်းမဲ့ ဇုန်အဖြစ် ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်



မန္တလေး ၉-၄-၂ဝ၁၈

ယခုနှစ်အတွင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) ကိုပလတ်စတစ်ကင်းမဲ့ဇုန် ဖြစ်စေရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်အောင်က ပြောပြ၍ သိရသည်။

အဆိုပါ ရတနာပုံတိရစ္ဆာန် ဥယျာဉ် (မန္တလေး) အတွင်း စိမ်းလန်းစိုပြည် စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပလတ်စတစ်ကင်းမဲ့ ဇုန်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုဥယျာဉ်အတွင်း သာယာလှပ စေရေးအတွက် မြေယာအလှအပများ ပြုလုပ်ခြင်း၊ ရှုခင်းအလှအပများ ပြုလုပ်ပြင်ဆင်ခြင်း၊ ယခုအခါတွင် တောဆင်ရိုင်းများကို သတ်ဖြတ်ခြင်း ပြုလုပ်နေ၍ မသတ်ဖြတ်ရန် အတွက် ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ် (မန္တလေး) ကို သာယာလှပစေရေး အတွက်တိရစ္ဆာန်ဥယျာဉ်မှဝန်ထမ်း များကိုယ်တိုင် အထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုသို့ ပလတ်စတစ်ကင်းမဲ့ ဇုန်ဖြစ်စေရေး ဆောင်ရွက်ရာတွင် အများပြည်သူ ပူးပေါင်းပါဝင်မှု သည်လည်း အရေကြီးကြောင်း၊ လက်ရှိဥယျာဉ်အတွင်း တိရစ္ဆာန် မျိုးစိတ်ပေါင်း ၁ဝဝ ၊ နို့တိုက်သတ္တဝါပေါင်း ၃၁၅မျိုး၊ ကျေးငှက် ၄၁၆မျိုး၊ တွားသွားသတ္တဝါပေါင်း ၃၆၉မျိုး ရှိကာ ၎င်းတိရစ္ဆာန်များသည် တောရိုင်းတိရစ္ဆာန်များ ဖြစ်သည့်အတွက် အစာကျွေးမွေးရာတွင်လည်း နိုင်ငံတကာစံနှုန်းဖြင့် တိုင်းတာကျွေးမွေး လျက်ရှိကြောင်း၊ ကျန်းမာရေးအတွက်လည်း အပူဒဏ်ခံနိုင်ရန် ဝါးကပ်မိုးခြင်း၊ အုန်းလက်မိုးခြင်း၊ ရေဖျန်းပေးခြင်းအပြင် ရေဓာတ်ရရှိသည့် အစားအစာများ ကိုလည်းကျွေးမွေးပြီး စဉ်ဆက်မပြတ် ကြည်ရှုစောင့်ရှောက် ပေးထားကြောင်း သိရသည်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) ကိုအဆင့်မြှင့် တင်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်း တို့ကြောင့် လာရောက်လည်ပတ် သူများလာကြောင်း၊ ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက် ဖြစ်သည့်အတွက် လာရောက် လည်ပတ်သူ များလာစေရန် အပတ်စဉ်ရုံးပိတ်ရက် များတွင် အထူးအစီအစဉ် များအဖြစ် ဆင်လိမ္မာအက၊ ကျားလိမ္မာပြပွဲအပြင် ရွှေလှည်းဖြင့်လည်း ကြည့်ရှုနိုင်ရန် ပြုလုပ်ထားကြောင်း၊ မြင်းပုလေးများ စီးနိုင်သည့်အပြင် ကလေးများလည်း ဆော့ကစားနိုင်သည့် အစီအစဉ်များကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger